The official website of Bogyoke Aung San Movie

Wednesday, May 13, 2015

အလှူငွေလက်ခံ


တနင်္သာရီတိုင်း ၊ လောင်းလုံမြို့နယ် ၊ သင်္ဘောဆိပ်ပြင်ကြီးမှ လူငယ်များ ဦးစီး၍ ကျင်းပသော ဗိုလ်ချုပ်ရာပြည့် အမှတ်တရ ပထမအကြိမ် စာပေဟောပြောတွင် ရရှိသော ရံပုံငွေ ၅သိန်းကျပ် ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လာရောက်လှူဒါန်းခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့မှ ဒေါ်အိအိခိုင် က လက်ခံပေးခဲ့သည် ။

Sunday, May 3, 2015

၅/၂၀၁၅ အစည်းအဝေးကျင်းပ


၂၀၁၅ခုနှစ် ၊ မေလ ၊ (၃)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ၅/၂၀၁၅ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ အဖွဲ့ဝင်များဖြစ်ကြသော  ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးအရိုင်း ၊ ဦးဇော်သက်ထွေး ၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊  ဒေါ်အိအိခိုင် ၊  ဒေါ်ထွန်းအိန္ဒြာဗို နှင့်  ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြပြီး  ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြပါသည်။