The official website of Bogyoke Aung San Movie

Sunday, March 15, 2015

နှင်းဆီအငြိမ့်အဖွဲ့အားဂုဏ်ပြုအခမ်းအနား


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ သို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်သည့် နှင်းဆီ အငြိမ့်အဖွဲ့ မှ ဖေဖော်ဝါရီ(၉) နှင့်(၁၀)ရက်နေ့ တို့ တွင် ကပြခဲ့သော ရန်ပုံငွေ အငြိမ့်ပွဲ မှ ရရှိငွေ(၇၆၇)သိန်းကို ယနေ့ လှူဒါန်းပါသည်။ လှူဒါန်းပွဲ နှင့် ဂုဏ်ပြုပွဲကို တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ယနေ့ မနက် ၁၀နာရီ တွင် ကျင်းပခဲ့ပါသည်။

Thursday, March 5, 2015

၎/၂၀၁၅ အစည်းအဝေးကျင်းပ

၂၀၁၅ခုနှစ် ၊ မတ်လ ၊ (၅)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ၄/၂၀၁၅ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး၊ ကိုဝိုင်း၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင်နှင့် ဧည်သည်တော်အဖြစ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ကြပြီး နှင်းဆီအငြိမ့်အဖွဲ့အား ဂုဏ်ပြု ပွဲပြုလုပ်ပေးရန်နှင့် ရှေ့ဆက်၍ အလှူငွေလက်ခံရန် ဆွေးနွေးခဲ့ကြပါသည်။

သတင်းထုတ်ပြန်ကြေငြာခြင်း


အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အဖြစ် နှင်းဆီအငြိမ့်ဖြင့် ရန်ပုံငွေကပြဖျော်ဖြေခဲ့ရာ စုစုပေါင်း ငွေကျပ် ၆၇၄၉၁၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၈ ၊ စင်ကာပူဒေါ်လာ ၁၀ ရရှိခဲ့ပါသည် ။ နိုင်ငံအ၀ှမ်းမှ အောင်ဆန်းရုပ်ရှင်အတွက်ပါဝင်လှူဒါန်းလိုသူများက ဧရာဝတီဘဏ်စာရင်းများမှတဆင့် လှူဒါန်းခဲ့သောငွေပမာဏမှာ ယနေ့ ၁၈.၂.၂၀၁၅ လက်ရှိအချိန်ထိ ၄၃၀၈၄၈၅၀ ကျပ်ရရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် လှူဒါန်းငွေ ၂ရပ်ပေါင်းမှာ ၁၁၀၅၇၆၃၅၀ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည် ။