ယနေ့ ၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီ (၁)
ရက်နေ့ ၊ နံနက် ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ မှ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်
အထိမ်းအမှတ်အဖြစ် ကြီးမှုးကျင်းပမည့် “အောင်ဆန်း” ရုပ်ရှင်ဖြစ်မြောက်ရေး ရန်ပုံငွေ
“အောင်ဆန်းသူရိယနှင်းဆီ” အငြိမ့် စာနယ်ဇင်းရှင်းလင်းပွဲ ကို TAW WIN GARDEN HOTEL
(Grand Ball Room )၌ ကျင်းပပြုလုပ်ခဲ့ ပါသည် ။ “အောင်ဆန်းသူရိယနှင်းဆီ” အငြိမ့် ကို
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) မှ ဦးဆောင်၍ အနုပညာရှင်များစွာ ပါဝင် ကြမည် ဖြစ်ပြီး ၉.၂.၂၀၁၅ မှ ၁၀.၂.၂၀၁၅ ထိ ည ၇နာရီ အချိန် နှစ်ရက် တိုင်တိုင် ရန်ကုန် ၊ မြို့မကျောင်းလမ်း ရှိ
အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ပါသည် ။ “အောင်ဆန်း” ရုပ်ရှင် Teaser ကိုလည်း
အများပြည်သူအား ပြသနိုင်ရန် အပြီးသတ် တည်းဖြတ်နေပြီ ဖြစ်ပြီး “အောင်ဆန်း” ရုပ်ရှင်အတွက်
ရန်ပုံငွေများ ထည့်ဝင် လှူဒါန်းလိုပါက ဧရာဝတီဘဏ် Current
Account No . 0080102010003230 ၊ Saving Account No . 0080202010022689 ၊ နိုင်ငံတကာမှ ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့် Western Union
Bank မှ တဆင့် ဧရာဝတီဘဏ်
Bogyoke Aung San Film Funding Account နှင့် အလှူငွေလက်ခံမည့်ဖုန်းနံပါတ်
09 25709 3200 ၊
09 25709 3300 ၊ 09 25709 3400 တို့ကိုလည်း ဆက်သွယ်
လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ။
No comments:
Post a Comment