The official website of Bogyoke Aung San Movie

Wednesday, January 21, 2015

Teaser စမ်းသပ်ရိုက်ကူးခြင်း











၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၏ Teaser စမ်းသပ်ရိုက်ကူးခြင်းကို ဆက်လက် ရိုက်ကူးခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမင်းထင်ကိုကိုကြီး ၊ ဦးမျိုးမင်း ၊ ဦးဇော်သက်ထွေး ၊ ဦးအရိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည် ။ ယနေ့ ရိုက်ကူးသည့် ဇာတ်ဝင်ခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်သည့် ကျော်ကျော်မျိုး နှင့် အခြား ဇာတ်ရန် သရုပ်ဆောင် တို့ ပါဝင်ခဲ့ကြပြီး ၁၉၄၇ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရသည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည် ။ ယနေ့သည် Teaser စမ်းသပ်ရိုက်ကူးခြင်း ကို နောက်ဆုံး ရိုက်ကူးခြင်း ဖြစ်ပြီး အောင်မြင်စွာဖြင့် အပြီးသတ် ရိုက်ကူးပြီးစီး ခဲ့ပြီ ဖြစ်ပါသည် ။

No comments:

Post a Comment