၂၀၁၄
ခုနှစ် ၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့
၏ Teaser စမ်းသပ်ရိုက်ကူးခြင်းကို ဆက်လက် ရိုက်ကူးခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇာဂနာ
၊ ဦးဇင်ဝိုင်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြူသျှင်
တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည် ။ ယနေ့ ရိုက်ကူးသည့် ဇာတ်ဝင်ခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း
အဖြစ် သရုပ်ဆောင်သည့် ကျော်ကျော်မျိုး နှင့် အခြား ဇာတ်ရန် သရုပ်ဆောင် တို့ ပါဝင်ခဲ့ကြပြီး
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားသည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်
။ Teaser စမ်းသပ်ရိုက်ကူးခြင်း ကို လာမည့်
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် လည်း ဆက်လက်၍ ရိုက်ကူးကြမည်ဖြစ်သည် ။
No comments:
Post a Comment