The official website of Bogyoke Aung San Movie

Wednesday, December 24, 2014

Teaser စမ်းသပ်ရိုက်ကူးခြင်း




၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၏ Teaser စမ်းသပ်ရိုက်ကူးခြင်း တတိယမြောက်နေ့ ဆက်လက် ရိုက်ကူးခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမင်းထင်ကိုကိုကြီး ၊ ကိုဝိုင်း ၊ ကိုဝေဠုကျော်ဒေါ်အိအိခိုင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည် ။ ယနေ့ ရိုက်ကူးသည့် ဇာတ်ဝင်ခန်းသည် ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်သည့် ကျော်ကျော်မျိုး  နှင့် ဒေါ်ခင်ကြည် အဖြစ် သရုပ်ဆောင်သည့် ဇာခြည်လင်းတို့ နှစ်ဦးစလုံးပါဝင်ခဲ့ကြပြီး ဒေါ်ခင်ကြည် နှင့် ရင်သွေးငယ်နှစ်ဦး တို့ စစ်ဘေးရှောင်ရန် လှေဖြင့် ထွက်ခွာသည်ကို ဗိုလ်ချုပ်အောင်ဆန်းမှ လိုက်လံပို့ဆောင်သည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည် ။  Teaser စမ်းသပ်ရိုက်ကူးခြင်း ကို လာမည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လည်း ဆက်လက်၍ ရိုက်ကူးကြမည်ဖြစ်သည် ။ 

No comments:

Post a Comment