၂၀၁၄
ခုနှစ် ၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့
၏ Teaser စမ်းသပ်ရိုက်ကူးခြင်း ဒုတိယမြောက်နေ့ ဆက်လက် ရိုက်ကူးခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့မှ
ဦးဇာဂနာ ၊ ဦးဇော်သက်ထွေး ၊ ဦးမင်းထင်ကိုကိုကြီး
၊ ဦးအရိုင်း ၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည် ။ ယနေ့ ရိုက်ကူးသည့်
ဇာတ်ဝင်ခန်း သည် ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်သည့် ကျော်ကျော်မျိုး နှင့် ပျောက်ကျားရဲဘော်များ ဂျပန်တော်လှန်ရေး တောတွင်းတစ်နေရာ
တွင် စခန်းချ နေထိုင်သည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည် ။ Teaser စမ်းသပ်ရိုက်ကူးခြင်း ကို လာမည့် ဒီဇင်ဘာလ
၂၄ နှင့် ၂၅ ရက်တို့ တွင် လည်း ဆက်လက်၍ ရိုက်ကူးကြမည်ဖြစ်သည် ။
မှတ်ချက်
။ ။ သတင်းဌာန များ အနေဖြင့် Teaser စမ်းသပ်ရိုက်ကူးခြင်း
ရိုက်ကွင်း ဓာတ်ပုံများ ကို အသုံးပြုဖော်ပြရန် လိုအပ်ပါက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ ရုံးခန်းသို့ ဆက်သွယ်နိုင်ပါသည် ။
(အမှတ် ၁၀၁ ဘီ၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၇၃၁၆၂၇၀၀)
No comments:
Post a Comment