၂၀၁၄ခုနှစ်
၊ ဒီဇင်ဘာလ ၊ (၃၀)ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ ၁၈/၂၀၁၄ အစည်းအဝေးအား
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်
ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော
ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ကိုဝေဠုကျော် ၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင်
၊ ဒေါ်ထွန်းအိန္ဒြာဗို နှင့် ဒေါ်ကြည်ဖြူသျှင်တို့ တက်ရောက်ခဲ့ကြပြီး Teaser စမ်းသပ်ရိုက်ကူးခြင်းတွင်
ကျန်ရှိနေသေးသည့် ဇာတ်ဝင်ခန်းအချို့ကို လာမည့် ဇန်န၀ါရီလအတွင်း ဆက်လက်ရိုက်ကူးရန်အတွက်
ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
No comments:
Post a Comment