၂၀၁၄ခုနှစ်
၊ ဒီဇင်ဘာလ ၊ (၁၆)ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ ၁၇/၂၀၁၄ အစည်းအဝေးအား
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်
ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော
ဦးသူရ ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း
၊ ဦးမော်လင်း ၊ ဦးဇော်သက်ထွေး ၊ ဦးအရိုင်း ၊ ဦးဇင်ဝိုင်း ၊ ဦးဝိုင်း ၊ ဦးဝေဠုကျော် ဒေါ်အိအိခိုင် ဒေါ်ထွန်းအိန္ဒြာဗို
နှင့် ဒေါ်ကြည်ဖြူသျှင်တို့ တက်ရောက်ခဲ့ကြပြီး
Teaser ၏ လိုအပ်သော အခန်းများကို လာမည့် ဒီဇင်ဘာလ (၁၉) ရက်နေ့မှ စတင်ပြီး ရိုက်ကူးသွားရန်
စီစဉ်ဆောင်ရွက်ခဲ့ကြပါသည် ။ ထိုအပြင် ၂၀၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်၏ နှစ်တစ်ရာပြည့်မွေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြှောက်ရေးအဖွဲ့ ရန်ပုံငွေ အတွက်
နှင်းဆီအငြိမ့်ဖြင့် ရန်ကုန်မြို့တွင် ကပြရန် ဆွေးနွေးခဲ့ကြပါသည်။
No comments:
Post a Comment