ယနေ့၂၀၁၄ခုနှစ်
၊ သြဂုတ်လ ၊ (၁၇)ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
၁၂/၂၀၁၄ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌
ကျင်းပခဲ့ပါသည်။ အစည်းအဝေး တွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ
အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ဦးဇင်ဝိုင်း
၊ ဦးဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊ ဒေါ်ကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ ကြပြီး
ရုပ်ရှင်ဇာတ်ကား အတွက် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာတွင်
ရွေးချယ်ထားသော ကိုကျော်ကျော်မျိုး နှင့် ဒေါ်ခင်ကြည်
ဇာတ်ရုပ်နေရာတွင် ရွေးချယ်ထားသော မဇာခြည်လင်း တို့လည်း တက်ရောက်ခဲ့ ကြသည်။
No comments:
Post a Comment