The official website of Bogyoke Aung San Movie

Sunday, August 17, 2014

၁၂/၂၀၁၄ အစည်းအဝေးကျင်းပ




ယနေ့၂၀၁၄ခုနှစ်  ၊  သြဂုတ်လ  ၊   (၁၇)ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့    ၁၂/၂၀၁၄ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး တွင်  ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ  အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ဦးဇင်ဝိုင်း ၊ ဦးဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊ ဒေါ်ကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ ကြပြီး ရုပ်ရှင်ဇာတ်ကား အတွက် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာတွင် ရွေးချယ်ထားသော ကိုကျော်ကျော်မျိုး နှင့်  ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာတွင် ရွေးချယ်ထားသော မဇာခြည်လင်း တို့လည်း တက်ရောက်ခဲ့ ကြသည်။

Saturday, August 9, 2014

၁၁/၂၀၁၄ အစည်းအဝေးကျင်းပ

ယနေ့၂၀၁၄ခုနှစ်  ၊  သြဂုတ်လ  ၊   (၉)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့  ၁၁/၂၀၁၄ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်  ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသူရ ၊ ဦးမင်းထင်ကိုကိုကြီး ၊ဦးအရိုင်း ၊ ဦးမျိုးမင်း ၊ ဦးဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် တို့  တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကား အတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Sunday, August 3, 2014

၁၀/၂၀၁၄ အစည်းအဝေးကျင်းပ

ယနေ့၂၀၁၄ခုနှစ်  ၊  သြဂုတ်လ  ၊   (၃)ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့   ၁၀/၂၀၁၄  အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်  ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ  အဖွဲ့ဝင်များဖြစ်ကြသော ဦးသူရ ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးမော်လင်း ၊ ဦးအရိုင်း ၊ ဦးဇော်သက်ထွေး ၊ ဦးမျိုးမင်း ၊ ဦးဝေဠုကျော်၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို တို့တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကား အတွက် ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေး ခဲ့ကြပါသည်။