The official website of Bogyoke Aung San Movie

Thursday, July 24, 2014

၈/၂၀၁၄ အစည်းအဝေးကျင်းပ

ယနေ့ ၂၀၁၄ခုနှစ် ၊ ဇူလိုင်လ ၊ (၂၄)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၈/၂၀၁၄ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် များဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးလူမင်း ၊ ဦးဇော်သက်ထွေး ၊ ဦးဝိုင်း ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊ ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ ကြပါသည်။

          ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီအား ၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ်ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူခဲ့ပါသည်။ ၂၀၁၃ခုနှစ် ၊ သြဂုတ်လတွင် ဇာတ်ကား၏အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သော ဇာတ်ညွှန်းကို ရေးသားပြီးစီးခဲ့ပါသည်။ ထို့နောက် အရည်အသွေးအားဖြင့် နိုင်ငံတကာအဆင့်ရှိသည့် ရုပ်ရှင်ဖြစ်စေရန် ရည်ရွယ်ခဲ့သောကြောင့် နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးအား ရှာဖွေရန်ကြိုးပမ်းခဲ့ကြပါသည်။ သို့သော် ယင်းဇာတ်ညွှန်းအပေါ် ရှု့မြင်ပုံခြင်း မတူညီခြင်းကြောင့် နိုင်ငံတကာရုပ်ရှင်ထုပ်လုပ်သူ ရှာဖွေရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထိုအခက်အခဲများကို ညှိနှိုင်းရန် အချိန်လုံလောက်မှုမရှိသောကြောင့်  ဗိုလ်ချူပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မြောက်မည့် ၂၀၁၅ခုနှစ်တွင် စတင်ရိုက်ကူးနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ပြည်တွင်းရှိအနုပညာရှင်များနှင့်သာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်အား ကော်မတီဥက္ကဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ထောက်ခံ သဘောတူညီခြင်းကြောင့် ၂၀၁၅ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။ 

No comments:

Post a Comment