The official website of Bogyoke Aung San Movie

Thursday, April 24, 2014

၆/၂၀၁၄ အစည်းအဝေးကျင်းပ

ယနေ့၂၀၁၄ခုနှစ်  ၊  ဧပြီလ  ၊   (၂၄)ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၆/၂၀၁၄ အစည်းအဝေး အား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်  ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးအရိုင်း ၊ ဦးဝိုင်း ၊ ဦးဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊  ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြပြီး  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် နှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးတိုင်ပင် ခဲ့ကြပါသည်။


Wednesday, April 23, 2014

ဝမ်းနည်းကြေကွဲခြင်း

ဝမ်းနည်းကြေကွဲခြင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် နာယကကြီး၊ ဟံသာဝတီ သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင် သည် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် ၇ ရက် ၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဧပြီ လ၂၁ ရက် ၊ နံနက် ၆ နာရီ ၃၀ မိနစ် တွင် ကွယ်လွန်အနိစ္စရောက်ကြောင်းကြားသိရသဖြင့်
“ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့” မှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း

မှတ်တမ်းတင်အပ်ပါသည်။


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့