ယနေ့၂၀၁၄ခုနှစ်
၊ မတ်လ ၊ (၉)ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
၅/၂၀၁၄ အစည်းအဝေးအား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌
ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ
အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးဝေဠုကျော်
၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင်
တို့ တက်ရောက်ခဲ့ကြပြီး ရေးသားပြီးစီးသွားသော
ဇာတ်ညွှန်းကို အခြေခံလျက် ရိုက်ကူးမည့် အောင်ဆန်းရုပ်ရှင်အား နိုင်ငံတကာနှင့် ပူးပေါင်းထုတ်လုပ်ရမည့်
Co-production ထုတ်လုပ်ရေးအစီအစဉ် နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
No comments:
Post a Comment