ယနေ့
၂၀၁၄ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၂၅)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့
၎/၂၀၁၄ အစည်းအဝေး အား ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်
ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေး တွင် ဧည့်သည်တော်အဖြစ် Mona Strassburger နှင့်
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသော
ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး ၊ ဦးဝိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် တို့
တွေ့ဆုံဆွေးနွေးခဲ့ကြပါသည် ။ အမေရိကန်နိုင်ငံသူ Mona
Strassburger သည် Fox Entertainment Group အပါအ၀င်
ကုမ္ပဏီမြောက်မြားစွာတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၌ အတွေ့အကြုံရှိပြီး လောလောဆယ်တွင်
Vote Riders Digital Media ၌ ဒါရိုက်တာ တစ်ဦးအဖြစ်တာဝန် ထမ်းဆောင်လျှက်ရှိသည် ။
Mona Strassburger အနေဖြင့်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ကူညီဆောင်ရွက်ရန် ဘုတ်အဖွဲ့ဝင်များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်
။
No comments:
Post a Comment