The official website of Bogyoke Aung San Movie

Thursday, January 16, 2014

၂/၂၀၁၄ အစည်းအဝေးကျင်းပ ၊ ဂျပန်ရုပ်ရှင်အဖွဲ့နှင့် တွေ့ဆုံ

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ  ၁၆ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ၂/၂၀၁၄ အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးလူမင်း ၊ ဦးဝေဠုကျော် ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင်တို့ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံမှ ရောက်ရှိလာသော East Asia Exchange Association မှ  Executive Producer KAZUO AIDA  ဦးဆောင်သောအဖွဲ့နှင့် ရုပ်ရှင်ဇာတ်ကားအတွက် အကူအညီပေးရေးကိစ္စရပ်များကို ထပ်မံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

Wednesday, January 8, 2014

၁/၂၀၁၄ အစည်းအဝေး ကျင်းပ



ယနေ့  ၂၀၁၄ခုနှစ်  ၊  ဇန်န၀ါရီလ  ၊   (၈) ရက်နေ့တွင်   ဖြစ်မြောက်ရေးအဖွဲ့   ၁/၂၀၁၄  အစည်း အဝေးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေး တွင် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိမ်းနီ ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက် ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြစ်မြောက်ရေးအဖွဲ့ဝင်များတွေ့ဆုံ ခဲ့သည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြပါသည် ။ ယင်းကိစ္စရပ်များထဲတွင် ဇာတ်ကား ရိုက်ကူးနိုင်ရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား ထုတ်လုပ်သူ အဖြစ် ဒေါ်အိအိခိုင် ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား ဒါရိုက်တာ အဖြစ် ဦးမင်းထင်ကိုကိုကြီး ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ၏ ကိုယ်စား ဇာတ်ညွှန်း နှင့် ပတ်သတ်၍ သမိုင်း အချက်အလက် ရှာဖွေရေး အဖြစ် ဦးမော်လင်း တို့ကို ရွေးချယ် ခဲ့ကြပါသည် ။
          ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ် အမှတ်တရ နေ့ထူးနေ့မြတ်များတွင် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ လှုပ်ရှားမှု များကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည် ။