The official website of Bogyoke Aung San Movie

Thursday, September 26, 2013

ဇာတ်ညွှန်းဆရာများနှင့် တွေ့ဆုံဆွေးနွေး


ယနေ့ ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ  ၂၆ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ၏ ဇာတ်ညွှန်းဆရာများ ဖြစ်ကြသော  ဆရာဦးကြည်စိုးထွန်း ၊  ဆရာဦးချစ်ဦးညို ၊ ဆရာမြမြင့်မိုရ် တို့နှင့် ဗိုလ်ချုပ်အောင်ဆန်း  ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိမ်းနီ ၊ ဦးမင်းထင် ကိုကိုကြီး ၊ ဦးမျိုးမင်း ၊ ဦးဇော်သက်ထွေး ၊ ကိုဝိုင်း ၊ ကိုဝေဠုကျော် ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို တို့ တွေ့ဆုံ၍ အပြီးသတ် တည်းဖြတ် ထားသော ဇာတ်ညွန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြပါသည် ။ အချောသတ် ပြီးစီးသွားသော ဇာတ်ညွှန်းအား အင်္ဂလိပ် ဘာသာပြန်ရန် အတွက်လည်း စီစဉ်ဆောင်ရွက် ခဲ့ကြသည် ။ မကြာမီ ကာလတွင် ဆရာဦးသော်ကောင်း ဦးဆောင်သော သမိုင်းပညာရှင်များ နှင့် တွေ့ဆုံပြီး ဇာတ်ညွှန်းပါ အချက်အလက် များ ၊ ဖြစ်ရပ်မှန် များ မှားယွင်းမှု မရှိစေရန် တိုက်ဆိုင်စစ်ဆေး အတည်ပြု သွားမည် ဖြစ်ပါသည် ။

No comments:

Post a Comment