The official website of Bogyoke Aung San Movie

Wednesday, September 11, 2013

၁၀/၂၀၁၃ အစည်းအဝေးကျင်းပ




ယနေ့ ၂၀၁၃ခုနှစ်  ၊   စက်တင်ဘာလ   ၊  (၁၁)ရက်နေ့တွင်   ဖြစ်မြောက်ရေးအဖွဲ့   ၁၀/၂၀၁၃  အစည်းအဝေးကို  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်  ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊  ဦးမင်းထင်ကိုကိုကြီး၊ ဦးရိုင်း ၊ ဦးဇော်သက်ထွေး ၊ ကိုဝေဠုကျော်၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊ မအိအိခိုင် ၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် အပြီးသတ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလုံး ကို ဆွေးနွေးခဲ့ ကြပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံတကာမှ ရုပ်ရှင်ကုမ္ပဏီများ အဖွဲ့အစည်းများမှ နည်း ပညာ ၊ ငွေကြေးနှင့် လိုအပ်သော အကူအညီနှင့် ပတ်သက်ပြီး ကမ်းလှမ်းမှုမြောက်မြားစွာကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါသည် ။ သို့ရာတွင် မည်သည့်ကုမ္ပဏီ(သို့) မည်သည့်အဖွဲ့အစည်းကိုမှ  ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် စဉ်းစားရွေးချယ်ခြင်း မရှိသေးကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ မကြာမှီကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်  ဖြစ်မြောက်ရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိရုပ်ရှင်ကို  တာဝန်ခံရိုက်ကူးမည့် ကုမ္ပဏီ(သို့) အဖွဲ့အစည်း အား ရွေးချယ်ရန် ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment