The official website of Bogyoke Aung San Movie

Friday, August 16, 2013

ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ နှင့်တွေ့ဆုံ




                ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ဦးလူမင်း၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြုသျှင် ၊ မထွန်းအိန္ဒြာဗို တို့နေပြည်တော် ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သတ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည် ။ အဖွဲ့ဝင်များ၏ ပြီးစီးခဲ့သော သရုပ်ဆောင်ရွေးချယ်ခြင်း ကိစ္စ ၊ ဇာတ်ညွှန်းကိစ္စ တို့ ကို တင်ပြဆွေးနွေးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် နိုင်ငံတကာ ရုပ်ရှင် ကုမ္မဏီ တို့နှင့် ချိတ်ဆက်ပြီး  ပူးပေါင်းလုပ်ဆောင်ရန် ကိစ္စ တို့ကို ဆွေးနွေးခဲ့ကြသည် ။ လာမည့် စက်တင်ဘာ လတွင် လည်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်တို့ ထပ်မံ တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ပါသည် ။

Tuesday, August 6, 2013

The Iron Lady ဇာတ်ကား၏ Production Designer ဖြစ်သူ KATE JAMES နှင့်တွေ့ဆုံ




ယနေ့ ၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ (၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ The King's Speech ရုပ်ရှင်ဇာတ်ကားနှင့် The Iron Lady ရုပ်ရှင်ဇာတ်ကားတွင်Production Designer အဖြစ် တာဝန်ယူခဲ့သော သြစတေးလျ နိုင်ငံသူ KATE JAMES  နှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇာဂနာ ၊ ဦးမော်လင်း ၊   ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးဇော်သက်ထွေး ၊  ကိုဝိုင်း ၊ ကိုသူရကျော် ၊  ဒေါ်အိအိခိုင်တို့ တွေ့ဆုံ၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး အကြိုဆွေးနွေး ခဲ့ပါသည်။