ယနေ့ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများအား ရည်စူး၍ သံဃာတော်(၃)အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ အမျှအတန်းပေးဝေခြင်းများ ပြုလုပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ ဦးဇာဂနာ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊ ဦးမျိုးမင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ကိုဝေဠုကျော်၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
No comments:
Post a Comment