၂၀၁၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ၅/၂၀၁၃ အစည်းအဝေးကို ကျင်းပခဲ့ပါသည်
။ အစည်းအဝေးတွင် ဦးစိမ်းနီ ၊ ဦးမော်လင်း
၊ ဦးလူမင်း ၊ ဦးမျိုးမင်း၊ ကိုမင်းထင်ကိုကိုကြီး ၊ ကိုဝေဠုကျော် ၊ ကိုဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို
၊ မကြည်ဖြူသျှင် တို့ တက်ရောက် ခဲ့ကြပြီး ဖြစ်မြောက်ရေး အဖွဲ့ဝင်များ သည် ဇူလိုင်လ (၁၀)ရက်နေ့ မှ
ဇူလိုင်လ (၂၀) ရက်နေ့ အထိ ဇာတ်ကားရိုက်ကူးရန် လိုအပ်သည့် အချက်အလက်များကို နောက်ဆုံး
အဆင့် အဖြစ် ပြုစုရေးသားရန် ကိစ္စ ၊ နိုင်ငံတကာ ရုပ်ရှင်ကုမ္ဗဏီများ၏ ကမ်းလှမ်းမှု ကို ဖြစ်မြောက်ရေးအဖွဲ့
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ၍ ရိုက်ကူးမည့် အဖွဲ့ ရွေးချယ်ရန် ကိစ္စတို့ကို
ဆွေးနွေး ဆုံးဖြတ် ခဲ့ကြ သည်။
No comments:
Post a Comment