The official website of Bogyoke Aung San Movie

Friday, July 19, 2013

အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်း

 
ယနေ့ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့   အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများအား ရည်စူး၍ သံဃာတော်(၃)အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ အမျှအတန်းပေးဝေခြင်းများ ပြုလုပ် ခဲ့ပါသည်။                       ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး  အဖွဲ့မှ  ဦးဇာဂနာ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊  ဦးမျိုးမင်း ၊  ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ကိုဝေဠုကျော်၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊  မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

Friday, July 5, 2013

(၅/၂၀၁၃) အစည်းအဝေး ကျင်းပ


၂၀၁၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ၅/၂၀၁၃ အစည်းအဝေးကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင်  ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးလူမင်း ၊ ဦးမျိုးမင်း၊ ကိုမင်းထင်ကိုကိုကြီး ၊ ကိုဝေဠုကျော် ၊  ကိုဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့ တက်ရောက် ခဲ့ကြပြီး ဖြစ်မြောက်ရေး အဖွဲ့ဝင်များ သည် ဇူလိုင်လ (၁၀)ရက်နေ့ မှ ဇူလိုင်လ (၂၀) ရက်နေ့ အထိ ဇာတ်ကားရိုက်ကူးရန် လိုအပ်သည့် အချက်အလက်များကို နောက်ဆုံး အဆင့် အဖြစ် ပြုစုရေးသားရန် ကိစ္စ ၊ နိုင်ငံတကာ ရုပ်ရှင်ကုမ္ဗဏီများ၏ ကမ်းလှမ်းမှု ကို ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ၍ ရိုက်ကူးမည့် အဖွဲ့ ရွေးချယ်ရန် ကိစ္စတို့ကို ဆွေးနွေး ဆုံးဖြတ် ခဲ့ကြ သည်။