၂၀၁၃ ခုနှစ် ဧပြီလ၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌
၎/၂၀၁၃ အစည်းအဝေး ကို ကျင်းပခဲ့ ပါသည် ။ အစည်းအဝေး တွင် ဦးသူရ (ဇာဂနာ) ၊ ဦးစိမ်းနီ ၊ ဦးဇင်ဝိုင်း ၊ ဦးမော်လင်း
၊ ကိုမင်းထင်ကိုကိုကြီး ၊ ကိုဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို
၊ မကြည်ဖြူသျှင် တို့ တက်ရောက် ခဲ့ကြပြီး ပြီးစီး သွား ပြီဖြစ်သည့် ဇာတ်ညွှန်းအား နောက်ဆုံးအဆင့် ပြင်ဆင် တည်းဖြတ်ရန် ကိစ္စ ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ ဇာတ်ရုပ်နေရာ အတွက် ရွေးချယ်ခံ ထားရသော သရုပ်ဆောင် တို့ကို မေလဆန်း တွင်
အနီးကပ် သင်တန်းပေး ရန်ကိစ္စ ၊ တောင်ကိုရီးယားနိုင်ငံမှ ရောက်ရှိလာ မည့် ဂျူမုံအဖြစ် သရုပ်ဆောင် ခဲ့သူ မင်းသားနှင့်
၎င်း ဇာတ်ကားကို ရိုက်ကူး ခဲ့သော ရုပ်ရှင်ဒါရိုက်တာ တို့နှင့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင်
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံရန် ကိစ္စတို့ကို
ဆွေးနွေး ဆုံးဖြတ် ခဲ့ကြပါသည်။
No comments:
Post a Comment