The official website of Bogyoke Aung San Movie

Thursday, December 26, 2013

၁၃/၂၀၁၃ အစည်းအဝေးကျင်းပ

ယနေ့  ၂၀၁၃ခုနှစ်  ၊ ဒီဇင်ဘာလ  ၊   (၂၆) ရက်နေ့တွင်   ဖြစ်မြောက်ရေးအဖွဲ့   ၁၃/၂၀၁၃  အစည်း အဝေးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေး တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဦးထင်ကျော် နှင့် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသူရ ၊ ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးမျိုးမင်း ၊  ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို တို့တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည် ။ 

Sunday, December 8, 2013

ကနေဒါနိုင်ငံမှ NIV FICHMAN နှင့်တွေ့ဆုံ

ယနေ့  ၂၀၁၃ခုနှစ်  ၊  ဒီဇင်ဘာလ  ၊   (၈) ရက်နေ့တွင်  ကနေဒါနိုင်ငံ Rhombust Media မှ Producer တစ်ဦးဖြစ်သော NIV FICHMAN နှင့်  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသူရ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးအရိုင်း ၊ ကိုဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊ ဒေါ်ကြည်ဖြူသျှင် တို့နှင့်တွေ့ဆုံ၍ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား အတွက် ဆွေးနွေးခဲ့ကြပါသည်။

Saturday, November 16, 2013

သမိုင်းပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး








ယနေ့ ၂၀၁၃ခုနှစ်  ၊  နိုင်ဝင်ဘာလ ၊ (၁၆)ရက်နေ့ တွင်သမိုင်းပညာရှင်များ နှင့်  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းပါ အချက်အလက်များနှင့် ပတ်သက် ပြီး ရုံးခန်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးတွင် သမိုင်းပညာရှင် ဆရာဦးသော်ကောင်း ကျန်း မာရေးအရ မတက်ရောက်နိုင်သော်လည်း သမိုင်းသုတေသီများဖြစ်ကြသည့် ဒေါက်တာဒေါ်ခင်လှဟန် ၊ ဒေါ်ခင်နှင်းဦး ၊ ဦးမြဟန် ၊ ဦးဇော်လင်းနှင့် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇင်ဝိုင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး ၊ ဦးမော်လင်း ၊ ဦးမျိုးမင်း ၊ ကိုဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် တို့တက်ရောက် ခဲ့ကြပါသည် ။ အစည်းအဝေးတွင် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်းပါ သမိုင်းအချက်အလက်များအား ဆွေးနွေးညှိနှိုင်း သုံးသပ် ခဲ့ကြပြီး ပြင်ဆင်ရမည့် သမိုင်းအချက်အလက်များ ၊ အကြံပြုချက်များကို မှတ်တမ်းတင် ဆောင်ရွက်ခဲ့ ကြပါသည် ။






Monday, November 4, 2013

၁၂/၂၀၁၃ အစည်းအဝေး ကျင်းပ

ယနေ့  ၂၀၁၃ခုနှစ်  ၊  နိုင်ဝင်ဘာလ  ၊   (၄) ရက်နေ့တွင်   ဖြစ်မြောက်ရေးအဖွဲ့   ၁၂/၂၀၁၃  အစည်း အဝေးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေး တွင် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိမ်းနီ ၊ ဦးဇင်ဝိုင်း ၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးလူမင်း ၊ ဦးဇော်သက်ထွေး ၊ ကိုဝေဠုကျော် ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် တို့ တက်ရောက်ခဲ့ကြပါသည် ။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ရုပ်နေရာတွင် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးအား စစ်သင်တန်းတက်ရောက်ရန် စီစဉ် ထားရှိပြီးသည့်ကိစ္စ ၊ ဒေါ်ခင်ကြည်၏ ဇာတ်ရုပ်နေရာတွင်သရုပ်ဆောင်မည့် ဇာခြည်လင်း အား သူနာပြုသင်တန်း တက်ရောက်ရန် စီစဉ်ထားရှိပြီးကိစ္စများကို ဆွေးနွေးဆုံးဖြတ်ခဲ့ ကြပါသည် ။

Monday, October 14, 2013

" အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် " ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံ


ယနေ့  ၂၀၁၃ခုနှစ်  ၊  အောက်တိုဘာလ  ၊  (၁၄)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမျိုးမင်း ၊ ဦးလူမင်း ၊ ဦးအရိုင်း ၊ ကိုဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို တို့သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် တိကျသော သမိုင်းဆိုင်ရာ အထောက်အထားများ ၊ လိုအပ်နိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန်    “ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန ” သို့ သွားရောက်၍ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ရုပ်ရှင်ဇာတ်ကား အတွက် လိုအပ်သည်များကို လေ့လာနိုင်ရန် ဆွေးနွေးခဲ့ကြသည် ။

Thursday, October 10, 2013

၁၁/၂၀၁၃ အစည်းအဝေး ကျင်းပ



ယနေ့  ၂၀၁၃ခုနှစ်  ၊  အောက်တိုဘာလ  ၊  (၁၀)ရက်နေ့တွင်   ဖြစ်မြောက်ရေးအဖွဲ့   ၁၁/၂၀၁၃  အစည်း အဝေးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း၌ ကျင်းပခဲ့သည်။ အစည်းအဝေး တွင် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမျိုးမင်း ၊  ဦးမင်းထင်ကိုကိုကြီး၊ ဦးအရိုင်း ၊ ဦးလူမင်း ၊ ဦးဇော်သက်ထွေး ၊ ကိုဝေဠုကျော် ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ကြပြီး ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် အမျိုးသားမော်ကွန်းတိုက်နှင့် တပ်မတော်စစ်သမိုင်း ပြတိုက်တို့တွင် ထားရှိသည့်သမိုင်းဆိုင်ရာ ပစ္စည်းများအနက် ရုပ်ရှင်ဇာတ်ကား အတွက် အထောက်အပံ့ပြုမည် ပစ္စည်းများကို သွားရောက်၍ မှတ်တမ်းတင်စုဆောင်းခြင်းများကို ပြုလုပ်မည်ဖြစ်သည်။

Monday, October 7, 2013

ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ နှင့် တွေ့ဆုံ


 ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး ၊ ကိုဝိုင်း ၊ ကိုဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြုသျှင် တို့ နေပြည်တော် ၌ ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သတ် ၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည် ။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ၏ အမည်ကို " အောင်ဆန်း " ဟူ၍ သတ်မှတ် မည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည် ။ ၂၀၁၃ ခုနှစ် အတွင်း အမေရိကန်နိုင်ငံ နှင့် အင်္ဂလန်နိုင်ငံ တို့မှ ရုပ်ရှင်ထုတ်လုပ်သည့် ကုမ္မဏီများ ကို ဆက်သွယ်၍ အပြီးသတ် ရွေးချယ် သွားမည်ဖြစ်ပြီး ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ ဇာတ်ရုပ်နေရာတွင် အဓိက ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ထားသော ကိုကျော်ကျော်မျိုး နှင့် မဇာခြည်လင်း တို့ကိုလည်း ဖြစ်မြောက်ရေးအဖွဲ့မှ စခန်းသွင်းလေ့ကျင့်ရန် ခေါ်ယူထားပြီး ဖြစ်ပါသည် ။