၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃
ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၂၀/၂၀၁၂ ကို ကျင်းပခဲ့ပါသည် ။
အစည်းအဝေးတွင် ဦးမိုးသူ၊ ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမင်းထင်ကိုကိုကြီး ၊ ကိုဇော်သက်ထွေး
၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့နှင့်
ဇာတ်ညွှန်း ဖြစ်မြောက်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့
တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ၌ ပါဝင်သော
အခြား ဇာတ်ကောင် (၂၁) ဦးကို ဆက်လက်ရွေးချယ်ရန် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းအဖွဲ့မှ ဇာတ်ကားတွင် ပါဝင်သည့် အောက်ပါ ဇာတ်ကောင်နေရာများအတွက်
လက်ရှိ သရုပ်ဆောင်များ ၊ ရုပ်ရှင်သင်တန်းများမှ သင်တန်းသားများ ၊ ဗိုလ်ချုပ်အောင်ဆန်း၏
နေရာတွင် လျှောက်ထားခဲ့ဘူးသူများ ၊ သရုပ်ဆောင်ရန် စိတ်ဝင်စားသော နိုင်ငံသားများ အနက်မှ
သင့်တော်သူများ ကို ရွေးချယ်သွားမည် ဖြစ်ပါသည်။
၁။ သခင်လှဖေ (ဗိုလ်လက်ျာ) ( ၁၉၁၁ - ၁၉၇၈ )
၂။ သခင်လှမြိုင် (ဗိုလ်ရန်အောင်) ( ၁၉၁၇ - ၁၉၆၇)
၃။ သခင်ရှုမောင် (ဗိုလ်နေ၀င်း ) (၁၉၁၀ - ၁၉၉၂ )
၎။ သခင်နု
(၁၉၀၇ - ၁၉၉၅)
၅။ ဒေါက်တာဘမော်
(၁၈၉၃ - ၁၉၇၇ )
၆။ ဂဠုန်ဦးစော
၇။ သခင်ထွန်းအုပ်
(၁၉၀၇ - ၁၉၇၀ )
၈။ သခင်ဘစိန်
၉။ သခင်မြ
၁၀။ ဦးတင်ထွဋ် (၁၈၉၅ - ၁၉၄၈ )
၁၁။ သခင်စိုး
(၁၉၀၆ - ၁၉၈၉ )
၁၂။ ဦးသိန်းဖေမြင့် (၁၉၁၄ -၁၉၇၈ )
၁၃။ ဦးကျော်ငြိမ်း (၁၉၁၅ -၁၉၈၆ )
၁၄။ သခင်လေးမောင်
၁၅။ ဒေါက်တာသိန်းမောင်
၁၆။ ကိုအုံး
၁၇။ ဦးညိုမြ
(၁၉၁၄ -၁၉၈၅ )
၁၈။ ဦးရာရှစ်
၁၉။ ဦးသီဟန်
၂၀။ ကိုဗဟိန်း (၁၉၁၄ -၁၉၄၆ )
၂၁။ သခင်သန်းထွန်း
No comments:
Post a Comment