ယနေ့ ၂၀၁၂ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၅ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား
အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ထားသူများကို
သရုပ်ဆောင်သင်တန်း စတင်ပို့ချ ခဲ့ပါသည်။ ယင်းသရုပ်ဆောင် သင်တန်းကို သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်များ
ဖြစ်ကြသော ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြူသျှင် ၊
မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင်များက ပို့ချ သင်ကြားပေးမည် ဖြစ်ပြီး
သရုပ်ဆောင်ပညာ အပြင် အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ခြင်း
နှင့် အခြား ဘာသာရပ် များလည်း ပါဝင်မည် ဖြစ်သည်။
No comments:
Post a Comment