၂၀၁၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၁၈/ ၂၀၁၂
ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊
ကိုလူမင်း ၊ ကိုမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးဇော်သက်ထွေး ၊
ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့နှင့်
ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့
တက်ရောက်ခဲ့ ပြီး အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော စာရေးဆရာ ၊
ပန်းချီဆရာ ၊ ဒါရိုက်တာဆရာကြီး ဦးဝင်းဖေ လည်း တက်ရောက်ခဲ့ပါသည် ။
အစည်းအဝေးတွင် ဇာတ်ညွှန်း ကိစ္စ ၊ ရုပ်ရှင်ရိုက်ကူးရေး ကိစ္စများကို
အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည် ။ ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား တွင်
သရုပ်ဆောင်ရန် ရွေးချယ်ထားသော သရုပ်ဆောင်များ အား လာမည့် အောက်တိုဘာလ ၁၅
ရက်နေ့တွင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ သင်တန်းစတင်မည် ဖြစ်သည် ။
No comments:
Post a Comment