The official website of Bogyoke Aung San Movie

Sunday, October 14, 2012

သင်တန်းများစတင်ပို့ချ



ယနေ့ ၂၀၁၂ခုနှစ် ၊  အောက်တိုဘာလ ၊ ၁၅ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ထားသူများကို သရုပ်ဆောင်သင်တန်း စတင်ပို့ချ ခဲ့ပါသည်။ ယင်းသရုပ်ဆောင် သင်တန်းကို သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြူသျှင် ၊ မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင်များက ပို့ချ သင်ကြားပေးမည်    ဖြစ်ပြီး သရုပ်ဆောင်ပညာ အပြင် အင်္ဂလိပ်စာ  အရည်အသွေး မြှင့်တင်ခြင်း နှင့် အခြား ဘာသာရပ် များလည်း ပါဝင်မည် ဖြစ်သည်။ 

Saturday, October 6, 2012

၁၈/၂၀၁၂ အစည်းအဝေးကျင်းပ

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင်            ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၁၈/၂၀၁၂ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ကိုလူမင်း ၊ ကိုမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့နှင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ တက်ရောက်ခဲ့ ပြီး အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော စာရေးဆရာ ၊ ပန်းချီဆရာ ၊ ဒါရိုက်တာဆရာကြီး ဦးဝင်းဖေ လည်း တက်ရောက်ခဲ့ပါသည် ။ အစည်းအဝေးတွင် ဇာတ်ညွှန်း ကိစ္စ ၊ ရုပ်ရှင်ရိုက်ကူးရေး ကိစ္စများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည် ။ ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားတွင် သရုပ်ဆောင်ရန် ရွေးချယ်ထားသော သရုပ်ဆောင်များ အား လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ သင်တန်းစတင်မည် ဖြစ်သည် ။