The official website of Bogyoke Aung San Movie

Sunday, September 16, 2012

၁၇/၂၀၁၂ အစည်းအဝေးကျင်းပ


 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌  ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၁၇/၂၀၁၂ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးမိုးသူ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊ ဦးမျိုးမင်း ၊ ကိုလူမင်း ၊ ကိုမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးဇော်သက်ထွေး ၊ ကိုသူရကျော် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ပါသည် ။ အစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်း ၏ နေရာ တွင် သရုပ်ဆောင်ရန် နှုတ်ထွက်သွားသူ မောင်ကျောက်ခဲ ၏ နေရာတွင် အစားထိုးရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရုပ်ရည် ၊ အမူအယာ ၊ အပြောအဆို အသက်အရွယ် အနီးစပ်ဆုံးတူသူ သရုပ်ဆောင်ကို ရွေးချယ် ပြီးဖြစ်သော်လည်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက် 
ရရှိပြီးမှ သာလျှင် သတင်းထုတ်ပြန် မည  ဖြစ်ပါသည် ။           ရွေးချယ်ထားသော သရုပ်ဆောင် များအား  အောက်တိုဘာလဆန်းမှ စတင်၍ သရုပ်ဆောင် သင်တန်းများကို သင်ကြားပေးရန် အစီအစဉ် များကိုလည်း ရေးဆွဲပြီး ညှိုနှိုင်း သဘောတူ ခဲ့ကြပါသည် ။

No comments:

Post a Comment