The official website of Bogyoke Aung San Movie

Friday, August 17, 2012

သတင်းနှင့်ပြန်ကြားရေး အဖွဲ့ မီဒီယာများနှင့် တွေ့ဆုံ



ယနေ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်းရေးသားခြင်းကိစ္စ ၊ သရုပ်ဆောင် ရွေးချယ်ရေး ကိစ္စ များနှင့် ပတ်သက်၍ သတင်းနှင့် ပြန်ကြားရေး  မှ မီဒီယာများသို့ အသိပေး  ပြောကြားခဲ့သည် ။ ဆရာချစ်ဦးညို နှင့် ဆရာကြည်စိုးထွန်း တို့တာဝန်ယူရေးသားခဲ့သော ဇာတ်ညွှန်းမူကြမ်းမှာ ပြီးစီးသွားပြီဖြစ်၍ တည်းဖြတ်ခြင်း လုပ်ငန်းများကို သမိုင်းပညာရှင်များ နှင့် တိုင်ပင်၍ ဆက်လက်    ဆောင်ရွက်သွားမည်ဖြစ်သည် ။ ထွက်ရှိလာသည့် ဇာတ်ညွှန်းကို The Artist ဇာတ်ကားဖြင့် ယခုနှစ်တွင် အကောင်းဆုံး ဇာတ်ကား အော်စကာဆု ဆွတ်ခူးခဲ့သည့် Weinstein Brothers Film Company မှ ဆက်တင် နှင့် ဇာတ်ကားအတွက် ကုန်ကျစရိတ်များကို တွက်ချက် နိုင်ရန် ပေးပို့ သွားမည်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း ၏နေရာတွင် သရုပ်ဆောင်ရန် နောက်ဆုံးအဆင့် ရွေးချယ် ထားသော မောင်ကျော်ကျော်မျိုး နှင့် မောင်ကျောက်ခဲ အနက် မောင်ကျောက်ခဲ သည် အခက်အခဲ တချို့ရှိသည့်အတွက် သရုပ်ဆောင်နေရာမှ နှုတ်ထွက်သည့် အကြောင်းကြားစာကို ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်းသို့ ပေးပို့လာသည့်အတွက် ရုံးအဖွဲ့မှ လက်ခံသဘောတူ ကြောင်း အသိပေး ပြောကြားခဲ့သည် ။

No comments:

Post a Comment