The official website of Bogyoke Aung San Movie

Friday, August 31, 2012

၁၆/၂၀၁၂ ပုံမှန် အစည်းအဝေးကျင်းပ


၂၀၁၂ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့ ၁၆/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးမျိုးမင်း၊ ဦးအရိုင်း၊ ကိုလူမင်း၊ ကိုဇော်သက်ထွေး၊ ကိုဝိုင်း၊ ကိုသူရကျော်၊ ဒေါ်အိအိခိုင်၊ မထွန်းအိန္ဒြာဗို တို့တက်ရောက်ခဲ့ကြသည်။
          အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင်သရုပ်ဆောင်ရန် နောက်ဆုံးအဆင့်ရွေးချယ်ထား သူ ၂ ဦးအနက် နှုတ်ထွက်သွားသူ မောင်ကျောက်ခဲ၏နေရာတွင် သရုပ်ဆောင်တစ်ဦးအစားထိုးရွေးချယ်ရန် ကိစ္စ နှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလ ၈ရက်နေ့တွင် နောက်ဆုံးအဆင့် ရွေးချယ်ထားသူ ၇ဦးအနက် ကျန်ရှိသူ ၅ဦးအား ခေါ်ယူဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

Saturday, August 25, 2012

ပြင်သစ် နိုင်ငံမှ Mr.Thierry Bleu သရုပ်ဆောင်များကို အနီးကပ်သင်တန်းပို့ချ



၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ပြင်သစ် Drama School မှ ပညာရှင် Mr.Thierry Bleu သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံး သို့ လာရောက်၍ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ နေရာတွင် သရုပ်ဆောင် ရန် ရွေးချယ် ထားသော မောင်ကျော်ကျော်မျိုး ၊ မဇာခြည်လင်း ၊ မသင်းမြတ်သန္တာလှိုင် တို့ နှင့် တွေ့ဆုံကာ သရုပ်ဆောင် ပညာကို အနီးကပ် Outdoor Special Training ပို့ချ ပေးခဲ့သည်။

Friday, August 17, 2012

သတင်းနှင့်ပြန်ကြားရေး အဖွဲ့ မီဒီယာများနှင့် တွေ့ဆုံ



ယနေ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်းရေးသားခြင်းကိစ္စ ၊ သရုပ်ဆောင် ရွေးချယ်ရေး ကိစ္စ များနှင့် ပတ်သက်၍ သတင်းနှင့် ပြန်ကြားရေး  မှ မီဒီယာများသို့ အသိပေး  ပြောကြားခဲ့သည် ။ ဆရာချစ်ဦးညို နှင့် ဆရာကြည်စိုးထွန်း တို့တာဝန်ယူရေးသားခဲ့သော ဇာတ်ညွှန်းမူကြမ်းမှာ ပြီးစီးသွားပြီဖြစ်၍ တည်းဖြတ်ခြင်း လုပ်ငန်းများကို သမိုင်းပညာရှင်များ နှင့် တိုင်ပင်၍ ဆက်လက်    ဆောင်ရွက်သွားမည်ဖြစ်သည် ။ ထွက်ရှိလာသည့် ဇာတ်ညွှန်းကို The Artist ဇာတ်ကားဖြင့် ယခုနှစ်တွင် အကောင်းဆုံး ဇာတ်ကား အော်စကာဆု ဆွတ်ခူးခဲ့သည့် Weinstein Brothers Film Company မှ ဆက်တင် နှင့် ဇာတ်ကားအတွက် ကုန်ကျစရိတ်များကို တွက်ချက် နိုင်ရန် ပေးပို့ သွားမည်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း ၏နေရာတွင် သရုပ်ဆောင်ရန် နောက်ဆုံးအဆင့် ရွေးချယ် ထားသော မောင်ကျော်ကျော်မျိုး နှင့် မောင်ကျောက်ခဲ အနက် မောင်ကျောက်ခဲ သည် အခက်အခဲ တချို့ရှိသည့်အတွက် သရုပ်ဆောင်နေရာမှ နှုတ်ထွက်သည့် အကြောင်းကြားစာကို ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်းသို့ ပေးပို့လာသည့်အတွက် ရုံးအဖွဲ့မှ လက်ခံသဘောတူ ကြောင်း အသိပေး ပြောကြားခဲ့သည် ။

Thursday, August 9, 2012

ရွေးချယ်ထားသော သရုပ်ဆောင်များနှင့် တွေ့ဆုံ

၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၊ ၁၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ နေရာတွင်သရုပ်ဆောင်ရန် ရွေးချယ်ထားသော သရုပ်ဆောင် ( ၄ ) ဦး အား အဖွဲ့မှ တွေ့ဆုံ၍ ( ၂ ) နှစ်ကြာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကိစ္စ ၊ ရုပ်ရှင်သရုပ်ဆောင် သင်တန်းတက်ရောက်ရန် ကိစ္စ ၊ ရန်ကုန်တွင် တည်းခိုနေထိုင်ရေးကိစ္စ များနှင့် ပတ်သတ်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည် ။ ယင်း သရုပ်ဆောင် ( ၄ ) ဦးသည် မကြာမှီ ကာလတွင် အဖွဲ့နှင့် ဘဘောတူ စာချုပ်ချုပ်ဆို သွားမည် ဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးမှ ပြုလုပ်မည် ပြင်သစ်ရုပ်ရှင်ပညာရှင် သီယာရီပစ်ကပ် ၏ ( ၁ ) လ ကြာ သရုပ်ဆောင်သင်တန်းသို့ တက်ရောက်ကြမည် ဖြစ်သည် ။

Monday, August 6, 2012

အစည်းအဝေးကျင်းပ

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၄   ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ၌ ဖြစ်မြောက်ရေး အဖွဲ့  ပုံမှန် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေး  သို့  ဦးဇာဂနာ  ၊ ဦးမော်လင်း ၊   ဦးစိမ်းနီ ၊ ဦးအရိုင်း၊   ကိုဇော်သက်ထွေး ၊  ကိုမင်းထင်ကိုကိုကြီး ၊  ကိုလူမင်း ၊  ကိုဝိုင်း ၊     ကိုသူရကျော်      ဒေါ်အိအိခိုင် ၊          မထွန်းအိန္ဒြာဗို    ၊ မကြည်ဖြူသျှင် နှင့် မမြစံပါယ်ငုံ   တို့တက်ရောက်ခဲ့ ကြပြီး  ရွေးချယ်ထားသော သရုပ်ဆောင်များအား    စခန်းသွင်း လေ့ကျင့် ပေးရန်ကိစ္စ နှင့် ငွေစာရင်းကိစ္စများ ကို ဆွေးနွေးခဲ့ကြသည် ။