The official website of Bogyoke Aung San Movie

Friday, July 6, 2012

၁၄/၂၀၁၂ အစည်းအဝေးနှင့်သတင်းထုတ်ပြန်ချက်

    ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ (၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၁၄/၂၀၁၂အစည်းအဝေးကိုကျင်းပခဲ့သည်။ အစည်းအဝေး သို့  ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဦးလူမင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဦးအရိုင်း၊ ကိုဝိုင်း၊ ကိုဝေဠုကျော်၊ ကိုနေဘုန်းလတ်၊ ကိုသူရကျော်၊ ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင် တို့တက် ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ် ခံရသူများ၏ စာရင်းကို သတင်းထုတ်ပြန်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ သတင်းထုတ်ပြန်ချက်ကို ပူးတွဲဖော်ပြထားပါသည်။




No comments:

Post a Comment