The official website of Bogyoke Aung San Movie

Friday, July 20, 2012

နောက်ဆုံးအဆင့် သရုပ်ဆောင်ရွေးချယ်ပွဲ

 

 
  
 
 


ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၊ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် သရုပ်ဆောင်သစ်များ နောက်ဆုံးရွေးချယ်ပွဲကို နံနက် ၉း၃၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌  ကျင်းပပြုလုပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏    နေရာတွင်    သရုပ်ဆောင်ရန် ပဏာမရွေးချယ် ထားသူ (၇)ဦး  ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင် ရန် ပဏာမရွေးချယ်ထားသူ (၄)ဦး  တို့အား ဒေါ်အောင်ဆန်းစုကြည်  ၊ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၊ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ တို့မှ တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှု့ အကဲဖြတ်ပေးခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏နေရာနှင့်  ဒေါ်ခင်ကြည်   ၏  နေရာအတွက်          နောက်ဆုံး ရွေးချယ်   ထားသော  သရုပ်ဆောင်များ၏ အမည်စာရင်းကို မကြာခင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

Wednesday, July 18, 2012

အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်း

ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့   အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများအား ရည်စူး၍ သံဃာတော်(၃)အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းခြင်း၊ သင်္ကန်းကပ်လှူခြင်း၊ အမျှအတန်းပေးဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်ေ အာင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး  အဖွဲ့မှ ဦးမိုးသူ ၊ ဦးမော်လင်း၊ ဦးဇာဂနာ ၊ ဦးအရိုင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ မအိအိခိုင်၊ မထွန်းအိန္ဒြာဗို၊ မကြည်ဖြူသျှင် တို့ စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

ပဏာမရွေးချယ် ထားသူ များနှင့် တွေ့ဆုံ


ယနေ့ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ၊ ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦး တို့ကို သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ခေါ်ယူ၍ တွေ့ဆုံ ခဲ့ကြပါသည် ။ နောက်ဆုံး ရွေးချယ်ပွဲကို ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပမည် ဖြစ်ပါသည် ။ ရွေးချယ်ပွဲအပြီး နေ့လည် ၁၂ နာရီတွင် ရွေးချယ်ခံသည့် သရုပ်ဆောင်များနှင့် သတင်းစာရှင်းလင်းပွဲ ကို အမှတ် ၁၀၁-ဘီ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း တွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသည် ။

Saturday, July 14, 2012

ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကျင်းပ


ယနေ့ ၂၀၁၂ ခုနှစ်၊  ဇူလိုင်လ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့   ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ  ဦးဇာဂနာ၊ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး နှင့် သမိုင်းသုတေသီတစ်ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက် ခဲ့ကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားရာတွင် ၁၉၁၅ခုနှစ်မှ ၁၉၄၀ခုနှစ်အထိ အဖြစ်အပျက်များနှင့် ၁၉၄၅ခုနှစ်မှ ၁၉၄၇ခုနှစ်အထိ အဖြစ်အပျက်များကို ဦးချစ်ဦးညိုကလည်းကောင်း၊ ၁၉၄၀ခုနှစ်မှ ၁၉၄၅ခုနှစ်အထိ အဖြစ်အပျက်များကို ဦးကြည်စိုးထွန်းကလည်းကောင်း တာဝန်ယူရေးသားလျက်ရှိပြီး သြဂုတ်လ၊ ၁၈ရက်နေ့တွင် ဇာတ်ညွှန်းအကြမ်းထွက်ရှိရန် ယင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

Friday, July 6, 2012

ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ်


ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်ရန် (၄) ဦး ပဏာမရွေးချယ် ထားပါသည်။

ဒုတိယအကြိမ် (၄) ဦး ထက်မံ၍ ပဏာမရွေးချယ်

ဒုတိယအကြိမ် လူတွေ့စစ်ဆေးပြီးနောက် (၄) ဦးထက်မံ၍ ပဏာမ ရွေးချယ် ထားပါသည် ။

၁၄/၂၀၁၂ အစည်းအဝေးနှင့်သတင်းထုတ်ပြန်ချက်

    ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ (၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၁၄/၂၀၁၂အစည်းအဝေးကိုကျင်းပခဲ့သည်။ အစည်းအဝေး သို့  ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဦးလူမင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဦးအရိုင်း၊ ကိုဝိုင်း၊ ကိုဝေဠုကျော်၊ ကိုနေဘုန်းလတ်၊ ကိုသူရကျော်၊ ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင် တို့တက် ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ် ခံရသူများ၏ စာရင်းကို သတင်းထုတ်ပြန်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ သတင်းထုတ်ပြန်ချက်ကို ပူးတွဲဖော်ပြထားပါသည်။