The official website of Bogyoke Aung San Movie

Wednesday, June 20, 2012

ဒေါ်ခင်ကြည်၏ နေရာတွင်သရုပ်ဆောင်ရန်လူတွေ့စစ်ဆေး

                ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ (၂၀)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဒေါ်ခင်ကြည်၏ နေရာတွင်သရုပ်ဆောင်ရန် လာရောက်လျှောက်ထားသူ (၄၆)ဦးအနက် (၄၂)ဦး လာရောက်၍ လူတွေ့ စစ်ဆေး ရွေးချယ် ခံခဲ့ပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် ဦးအောင်လွင်၊ ဦးမော်လင်း၊ ဦးဇော်သက်ထွေး သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့မှ ဦးလူမင်း၊ ကိုဝိုင်း၊ ကိုဝေဠုကျော်၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့ ဆောင်ရွက်ခဲ့ကြပါသည်။ ရွေးချယ်ခံရမည့် စကာတင်စာရင်းအား သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ဆွေးနွေး ညှိနှိုင်းပြီး ဇူလိုင်လ အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

No comments:

Post a Comment