The official website of Bogyoke Aung San Movie

Wednesday, June 13, 2012

ဒုတိယအကြိမ်လူတွေ့စစ်ဆေးခြင်း ဒုတိယနေ့

          ယနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၁၃ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ်လျှောက်ထားသူများအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။ လူတွေ့စစ်ဆေးခြင်းကို ယနေ့ ဒုတိယရက်တွင် (၄၄) ဦး ခေါ်ယူထားရာတွင် (၂၆) ဦးလာရောက် လူတွေ့စစ်ဆေး ရွေးချယ်ခံခဲ့ပါသည်။  သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ဦးလူမင်း ၊ ဦးအရိုင်း ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် နှင့် ပြင်ပပညာရှင်များဖြစ်ကြသော ဦးကြည်စိုးထွန်း ၊ ဦးအောင်လွင် တို့မှ ဒိုင်အဖြစ် ရွေးချယ် အမှတ်ပေးခဲ့ကြပါသည် ။ ဒုတိယအကြိမ်လျှောက်ထားသူ (၈၈)ဦး အနက် လာရောက်ဆက်သွယ်များကို လူတွေ့စစ်ဆေးပြီးဖြစ်ပါသည်။ မကြာမီ ဆန်ကာတင် အဖြစ်ထပ်မံ  ရွေူးချယ်  ပြီးလျှင် ရွေးချယ်ခံရသူ စာရင်းအား သတင်းထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်၍ အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည် ။

No comments:

Post a Comment