ယနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း၏
နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်း
ပြုလုပ်ခဲ့ကြပါသည်။ လူတွေ့စစ်ဆေးခြင်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ၊ ၁၃ ရက်နေ့
တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ယနေ့ ပထမရက်တွင် (၄၄) ဦး ခေါ်ယူထားရာတွင် (၃၃)
ဦးလာရောက် လူတွေ့စစ်ဆေး ရွေးချယ် ခံခဲ့ပါသည်။
ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဦးမိုးသူ ၊
သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးအရိုင်း ၊
ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် နှင့် ပြင်ပပညာရှင်များဖြစ်ကြသော ဦးကြည်စိုးထွန်း
၊ ဦးအောင်လွင် တို့မှ ဒိုင်အဖြစ် ရွေးချယ်အမှတ်ပေးခဲ့ကြပါသည် ။ ကျန်ရှိနေသေးသော
သရုပ်ဆောင်လျှောက်ထားသူများအား ဒုတိယရက် အဖြစ်၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက် ၉
နာရီမှ စတင်၍ ဆက်လက်လူတွေ့စစ်ဆေး သွားမည်ဖြစ်ပါသည်။
No comments:
Post a Comment