The official website of Bogyoke Aung San Movie

Wednesday, June 20, 2012

ဒေါ်ခင်ကြည်၏ နေရာတွင်သရုပ်ဆောင်ရန်လူတွေ့စစ်ဆေး

                ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ (၂၀)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဒေါ်ခင်ကြည်၏ နေရာတွင်သရုပ်ဆောင်ရန် လာရောက်လျှောက်ထားသူ (၄၆)ဦးအနက် (၄၂)ဦး လာရောက်၍ လူတွေ့ စစ်ဆေး ရွေးချယ် ခံခဲ့ပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် ဦးအောင်လွင်၊ ဦးမော်လင်း၊ ဦးဇော်သက်ထွေး သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့မှ ဦးလူမင်း၊ ကိုဝိုင်း၊ ကိုဝေဠုကျော်၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့ ဆောင်ရွက်ခဲ့ကြပါသည်။ ရွေးချယ်ခံရမည့် စကာတင်စာရင်းအား သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ဆွေးနွေး ညှိနှိုင်းပြီး ဇူလိုင်လ အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Wednesday, June 13, 2012

ဒုတိယအကြိမ်လူတွေ့စစ်ဆေးခြင်း ဒုတိယနေ့

          ယနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၁၃ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ်လျှောက်ထားသူများအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။ လူတွေ့စစ်ဆေးခြင်းကို ယနေ့ ဒုတိယရက်တွင် (၄၄) ဦး ခေါ်ယူထားရာတွင် (၂၆) ဦးလာရောက် လူတွေ့စစ်ဆေး ရွေးချယ်ခံခဲ့ပါသည်။  သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ ဦးလူမင်း ၊ ဦးအရိုင်း ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် နှင့် ပြင်ပပညာရှင်များဖြစ်ကြသော ဦးကြည်စိုးထွန်း ၊ ဦးအောင်လွင် တို့မှ ဒိုင်အဖြစ် ရွေးချယ် အမှတ်ပေးခဲ့ကြပါသည် ။ ဒုတိယအကြိမ်လျှောက်ထားသူ (၈၈)ဦး အနက် လာရောက်ဆက်သွယ်များကို လူတွေ့စစ်ဆေးပြီးဖြစ်ပါသည်။ မကြာမီ ဆန်ကာတင် အဖြစ်ထပ်မံ  ရွေူးချယ်  ပြီးလျှင် ရွေးချယ်ခံရသူ စာရင်းအား သတင်းထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်၍ အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည် ။

Tuesday, June 12, 2012

ဒုတိယအကြိမ်လူတွေ့စစ်ဆေး



ယနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။ လူတွေ့စစ်ဆေးခြင်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ၊ ၁၃ ရက်နေ့ တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ယနေ့ ပထမရက်တွင် (၄၄) ဦး ခေါ်ယူထားရာတွင် (၃၃) ဦးလာရောက် လူတွေ့စစ်ဆေး ရွေးချယ် ခံခဲ့ပါသည်။
ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဦးမိုးသူ ၊ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ မှ  ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးအရိုင်း ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် နှင့် ပြင်ပပညာရှင်များဖြစ်ကြသော ဦးကြည်စိုးထွန်း ၊ ဦးအောင်လွင် တို့မှ ဒိုင်အဖြစ် ရွေးချယ်အမှတ်ပေးခဲ့ကြပါသည် ။ ကျန်ရှိနေသေးသော သရုပ်ဆောင်လျှောက်ထားသူများအား ဒုတိယရက် အဖြစ်၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဆက်လက်လူတွေ့စစ်ဆေး သွားမည်ဖြစ်ပါသည်။

Monday, June 11, 2012

ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကျင်းပ


 ယနေ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်း အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင် များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင် နှင့် သမိုင်းသုတေသီ တစ်ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက် ခဲ့ကြပါသည်။ ယင်းအစည်းအဝေးမှ ဇာတ်ညွှန်းအကြမ်း ထွက်ရှိရေး အတွက် ဆက်လက်ဆွေးနွေးခဲ့ကြသည်။