ယနေ့ ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
ရုံးခန်းတွင် နေ့လည် ၁နာရီ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊
ဦးမော်လင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ကိုဝိုင်း၊ မကြည်ဖြူသျှင်၊ လူမင်း၊ ဝေဠုကျော်၊
ထွန်းအိန္ဒြာဗို၊ ဦးဇော်သက်ထွေး၊ ဒေါ်အိအိခိုင်၊ ဦးအရိုင်း၊ ကိုသူရကျော် တို့တက်ရောက်ခဲ့ပြီး
အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်ရန်
ဒုတိယအကြိမ်လျှောက်ထားသူ (၈၈) ဦး အား ၂၀၁၂ ခုနှစ် ဇွန်လ (၁၂)(၁၃)(၁၄) ရက်နေ့များတွင်
သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ လူတွေ့ရွေးချယ်ပေးသွားမည် ဖြစ်သည်။ လျှောက်ထားသူ အားလုံးသည်
ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း သို့ ၂၀၁၂ခုနှစ် ဇွန်လ(၁၀) ရက်နေ့တွင် လာရောက်ဆက်သွယ်သတင်းပို့ကြရမည်
ဖြစ်သည်။
ပထမအကြိမ် လျှောက်ထားသူ (၁၅၇)ဦး အနက်
ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် ရွေးချယ်ခြင်းမခံရသူများ ကိုလည်း အလျှဉ်းသင့်သော ဇာတ်ရုပ်နေရာများ၌
သရုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် ဖြစ်မြောက်ရေးအဖွဲ့ရုံးသို့ လာရောက်ဆက်သွယ်နိုင်မည်
ဖြစ်ပါသည်။
ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန်လျှောက်ထားသူ
အမျိုးသမီး (၄၆)ဦး အားလည်း လာမည့် ၂၀၁၂ ခုနှစ် ဇွန်လ (၁၉)(၂၀) ရက်များတွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ
လူတွေ့ရွေးချယ်မည် ဖြစ်ပါသည် ။ လျှောက်ထားသူ
အားလုံးသည် ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းသို့ ၂၀၁၂ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် လာရောက်ဆက်သွယ်သတင်းပို့ကြရမည်ဖြစ်ပါသည်။
No comments:
Post a Comment