ယင်းအစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
Saturday, May 26, 2012
ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေး ကျင်းပ
ယနေ့ ၂၀၁၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ
ဦးမိုးသူ၊ ဇာတ်ညွှန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊
ဦးချစ်ဦးညို၊ ဦးငြိမ်းမင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊
ဒေါ်ကြည်ဖြူသျှင် နှင့် သမိုင်းသုတေသီတစ်ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက်
ခဲ့ကြပါသည်။
ယင်းအစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသား မည်ဖြစ်ရာ ၁၉၁၅ ခုနှစ်မှ ၁၉၄၀ အထိ အဖြစ်အပျက်များကို ဦးငြိမ်းမင်းမှလည်းကောင်း၊ ၁၉၄၀ ခုနှစ်မှ ၁၉၄၅ အထိ အဖြစ်အပျက်များကို ဦးကြည်စိုးထွန်းမှလည်းကောင်း၊
၁၉၄၅ ခုနှစ်မှ ၁၉၄၇ အထိ အဖြစ်အပျက်များကို ဦးချစ်ဦးညိုမှလည်းကောင်း
ဇွန်လ၊ ၁၁ရက်နေ့တွင် ဇာတ်ညွှန်းအကြမ်းထွက်ရှိရေး အတွက် တာဝန်ယူရေးသားကြရန်
ဆုံးဖြတ်ခဲ့ကြသည်။
ယင်းအစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment