The official website of Bogyoke Aung San Movie

Saturday, May 5, 2012

သမိုင်းသုတေသီများနှင့် ဒုတိယအကြိမ် ဆွေးနွေး


ယနေ့ ၂၀၁၂ ခုနှစ် မေလ (၅) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းတွင် ဇာတ်ညွှန်းအဖွဲ့နှင့် သမိုင်းသုတေသီများ ဗိုလ်ချုပ်အောင်ဆန်းသမိုင်း နှင့် ပတ်သတ်ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည် ။ ယင်းဆွေးနွေးပွဲသို့ သမိုင်းပညာရှင်များ ဖြစ်ကြသော ဒေါက်တာဒေါ်ခင်လှဟန် ၊  ဦးသိမ်းလှိုင် ၊ ဦးမြဟန် ၊      ဦးဇော်လင်း နှင့် တက္ကသိုလ်စိန်တင် တို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇာဂနာ ၊ ဦးမော်လင်း ၊ ကိုနေဘုန်းလတ် ဇာတ်ညွှန်း အဖွဲ့မှ ဦးကြည်စိုးထွန်း ၊ ဦးမင်းထင်ကိုကိုကြီး  ၊ ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြပါသည် ။
          ယင်းဆွေးနွေးပွဲတွင် သမိုင်းပညာရှင်များမှ စုဆောင်းထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ၊ နိုင်ငံရေး ဆိုင်ရာ အချက်အလက်များ  ဇာတ်ကားတွင်ပါဝင်သင့်သည့် အကြောင်းအရာများ တင်ပြ အကြံပေး ဆွေးနွေး ခဲ့ကြပါသည်။ ဇာတ်ညွှန်း ရေးသားခြင်းနှင့်ပတ်သတ်၍ ထပ်မံထုတ်ပြန်ချက်ရှိလျှင် ဆက်လက်အသိပေးထုတ်ပြန် သွားမည်ဖြစ်ပါသည်။

No comments:

Post a Comment