The official website of Bogyoke Aung San Movie

Saturday, May 26, 2012

ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေး ကျင်းပ

ယနေ့ ၂၀၁၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမိုးသူ၊ ဇာတ်ညွှန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးငြိမ်းမင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင် နှင့် သမိုင်းသုတေသီတစ်ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက် ခဲ့ကြပါသည်။

ယင်းအစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသား မည်ဖြစ်ရာ ၁၉၁၅ ခုနှစ်မှ ၁၉၄၀ အထိ အဖြစ်အပျက်များကို ဦးငြိမ်းမင်းမှလည်းကောင်း၊ ၁၉၄၀ ခုနှစ်မှ ၁၉၄၅ အထိ အဖြစ်အပျက်များကို ဦးကြည်စိုးထွန်းမှလည်းကောင်း၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ အထိ အဖြစ်အပျက်များကို ဦးချစ်ဦးညိုမှလည်းကောင်း ဇွန်လ၊ ၁၁ရက်နေ့တွင် ဇာတ်ညွှန်းအကြမ်းထွက်ရှိရေး အတွက် တာဝန်ယူရေးသားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

Tuesday, May 22, 2012

၁၂/၂၀၁၂ အစည်းအဝေးကျင်းပ

ယနေ့ ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းတွင် နေ့လည် ၁နာရီ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ကိုဝိုင်း၊ မကြည်ဖြူသျှင်၊ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗို၊ ဦးဇော်သက်ထွေး၊ ဒေါ်အိအိခိုင်၊ ဦးအရိုင်း၊ ကိုသူရကျော် တို့တက်ရောက်ခဲ့ပြီး အောက်ပါ    အတိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်ရန် ဒုတိယအကြိမ်လျှောက်ထားသူ (၈၈) ဦး အား ၂၀၁၂ ခုနှစ် ဇွန်လ (၁၂)(၁၃)(၁၄) ရက်နေ့များတွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ လူတွေ့ရွေးချယ်ပေးသွားမည်      ဖြစ်သည်။   လျှောက်ထားသူ အားလုံးသည် ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း သို့ ၂၀၁၂ခုနှစ် ဇွန်လ(၁၀) ရက်နေ့တွင် လာရောက်ဆက်သွယ်သတင်းပို့ကြရမည် ဖြစ်သည်။
ပထမအကြိမ်          လျှောက်ထားသူ                (၁၅၇)ဦး                  အနက် ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင်  ရွေးချယ်ခြင်းမခံရသူများ ကိုလည်း အလျှဉ်းသင့်သော ဇာတ်ရုပ်နေရာများ၌ သရုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် ဖြစ်မြောက်ရေးအဖွဲ့ရုံးသို့ လာရောက်ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။
ဒေါ်ခင်ကြည်၏နေရာတွင် သရုပ်ဆောင်ရန်လျှောက်ထားသူ အမျိုးသမီး (၄၆)ဦး အားလည်း လာမည့် ၂၀၁၂ ခုနှစ် ဇွန်လ (၁၉)(၂၀) ရက်များတွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ လူတွေ့ရွေးချယ်မည် ဖြစ်ပါသည်  ။ လျှောက်ထားသူ အားလုံးသည် ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းသို့ ၂၀၁၂ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် လာရောက်ဆက်သွယ်သတင်းပို့ကြရမည်ဖြစ်ပါသည်။

Friday, May 18, 2012

ဇာတ်ညွှန်းအဖွဲ့ အခန်းစဉ်များ ဆွေးနွေး


ယနေ့ ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။  အစည်းအဝေးတွင် ဇာတ်ညွန်းအဖွဲ့မှ ဦးကြည်စိုးထွန်း ၊ ဦးချစ်ဦးညို ၊ ဒေါ်ကြည်ဖြူသျှင် နှင့်   သမိုင်းသုတေသီ တစ်ဦး ဖြစ်သူ   ဦးဇော်လင်း ၊   ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇာဂနာ ၊ ဒေါ်အိအိခိုင်  တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည် ။ ၁၉၄၅ ခုနှစ်မှ ဗိုလ်ချုပ်လုပ်ကြံခံရသည့်   အချိန်ထိ  အခန်းစဉ်များကို  ညှို့နှိုင်းဆွေးနွေးခဲ့ကြသည် ။

Wednesday, May 9, 2012

ဇာတ်ညွှန်းတွင်အဓိကပါဝင်သင့်သော အချက်အလက်များဆွေးနွေး

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းတွင် ဇာတ်ညွှန်းအဖွဲ့၏ ဇာတ်ညွှန်းတွင် အဓိကပါဝင်သင့်သော အချက်အလက်များဆွေးနွေးပွဲကို ကျင်းပပြုလုပ်နေပါသည် ။ ယင်းဆွေးနွေးပွဲတွင် ဇာတ်ညွှန်းရေသားရေးအဖွဲ့မှ  ဦးချစ်ဦးညို ၊ ဦးကြည်စိုးထွန်း ၊ ဦးဇော်သက်ထွေး ၊ ဦးမင်းထင်ကိုကိုကြီး နှင့် ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။    ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် မေလ ၈ရက် ၊ ၉ ရက် နှင့် ၁၀ ရက်နေ့တို့တွင်     ပြုလုပ်မည်ဖြစ်ပြီး သမိုင်းသုတေသီ တဦးဖြစ်သူ ဦးဇော်လင်း နှင့် ဦးဇာဂနာ တို့ကလည်း တက်ရောက်၍ ဆွေးနွေးပေးခဲ့ကြသည် ။

Saturday, May 5, 2012

သမိုင်းသုတေသီများနှင့် ဒုတိယအကြိမ် ဆွေးနွေး


ယနေ့ ၂၀၁၂ ခုနှစ် မေလ (၅) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းတွင် ဇာတ်ညွှန်းအဖွဲ့နှင့် သမိုင်းသုတေသီများ ဗိုလ်ချုပ်အောင်ဆန်းသမိုင်း နှင့် ပတ်သတ်ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည် ။ ယင်းဆွေးနွေးပွဲသို့ သမိုင်းပညာရှင်များ ဖြစ်ကြသော ဒေါက်တာဒေါ်ခင်လှဟန် ၊  ဦးသိမ်းလှိုင် ၊ ဦးမြဟန် ၊      ဦးဇော်လင်း နှင့် တက္ကသိုလ်စိန်တင် တို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇာဂနာ ၊ ဦးမော်လင်း ၊ ကိုနေဘုန်းလတ် ဇာတ်ညွှန်း အဖွဲ့မှ ဦးကြည်စိုးထွန်း ၊ ဦးမင်းထင်ကိုကိုကြီး  ၊ ဒေါ်ကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြပါသည် ။
          ယင်းဆွေးနွေးပွဲတွင် သမိုင်းပညာရှင်များမှ စုဆောင်းထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ၊ နိုင်ငံရေး ဆိုင်ရာ အချက်အလက်များ  ဇာတ်ကားတွင်ပါဝင်သင့်သည့် အကြောင်းအရာများ တင်ပြ အကြံပေး ဆွေးနွေး ခဲ့ကြပါသည်။ ဇာတ်ညွှန်း ရေးသားခြင်းနှင့်ပတ်သတ်၍ ထပ်မံထုတ်ပြန်ချက်ရှိလျှင် ဆက်လက်အသိပေးထုတ်ပြန် သွားမည်ဖြစ်ပါသည်။