The official website of Bogyoke Aung San Movie
Tuesday, April 10, 2012
သရုပ်ဆောင်သစ် ထပ်မံခေါ်ယူခြင်း
၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၁၁/၂၀၁၂ အစည်းအဝေး၌  သရုပ်ဆောင်သစ်ထပ်မံ ခေါ်ယူရန် သတင်းထုတ်ပြန်ချက်ကို အတည်ပြု ဆုံးဖြတ်ချက် ခဲ့ပါသည် ။
2 comments:
  1. သရုပ်ဆောင်အသစ်များထပ်မံခေါ်ယူခြင်းအတွက်..စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာရပါသည်။ကျွန်တော့်အနေဖြင့်..ဆင်တူသောသူများတွေ့ လျှင်ပင် နိုင်ငံရေးအသိစိတ်ဖြင့်..အသိပေးနှိုးဆော်နေမိပါသည်။ တစ်ချို့ ကသရုပ်ဆောင်ရမည်ကို စိုးရိမ်နေကြသလို..တစ်ချို့ ကလည်း မိမိတို့ အနေဖြင့် မဖြစ်နိုင်ဟု ယူဆနေကြသည်ကို စိတ်ကောင်းစွာ တွေ့ မြင်ခဲ့ရပါသည်။ နိုင်ငံ၏ အဓိကခေါင်းဆောင်ကြီးနေရာကို သရုပ်ဆောင်ရမည်ဖြစ်ရ်ျ ကိုယ့်ကိုယ်ကို အားမရဖြစ်ပြီး ၀င်ရောက်မရွေးချယ်ကြသည်ကိုလည်း တွေ့ မြင်ခဲ့ရပါသည်။
    ထိုသူများအား ပွင့်လင်းစွာဖေါ်ထုတ်ရ်ျ သင့်တော်သလို ဆွေးနွေးတွေ့ ဆုံမေးမြန်းစေလိုပါသည်။
    ReplyDelete
  2. တစ်ခုအကြံပြုလိုသည်မှာ--
    သရုပ်ဆောင်ဂျက်လီတို့ ကဲ့သို့ နာမည်ကြီး သရုပ်ဆောင်များသည်လည်း
    အားလုံး၏ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်လိုလူစားမျိုးလည်းဟု ထင်ရှားသိမြင်လာဖို့ သာ အဓိကကျပါသည်။
    ဗိုလ်ချုပ်က ဘယ်လိုပုံပန်းသဏ္ဍာန်လည်းဆိုတာကို ဖေါ်ဆောင်ရန်အဓိကမကျစေလိုပါ။ ပိဲပင်စွာ သရုပ်ဆောင်နိုင်မည့်သူကိုအဓိကထားရွေးချယ်ပြီး၊ ပုံသဏ္ဍာန်ကိုဖြင့် အနည်းငယ်ဆင်တူလျှင် သင့်တော်သည်ဟု ယူဆမိပါသည်။
    ပုံပန်းသဏ္ဍာန်တူပြီး ပီပြင်စွာသရုပ်မဆောင်နိုင်ခဲ့လျှင် အားလုံး၏ ရင်ထဲသို့  ဗိုလ်ချုပ်ရောက်မသွားဘဲ..အားလုံး၏ရင်ထဲမှ ရှိနှင့်ပြီးသော ဗိုလိချုပ်ကိုပင် ဆွဲထုတ်သွားနိုင်ပြီး လက်ခံထားသော အမြင်ကောင်းများပင် ပပျောက်သွားမှာ စိုးရိမ်ရပါသည်။
    အချိန်ကာလ နည်းပါးစွာဆောင်ရွက်ရမည့် ဇာတ်လမ်းဖြစ်မြောက်ရေးအတွက် စိတ်ပူစွာဖြင့် အကြံပြုတင်ပြအပ်ပါသည်ခင်များ..။
    ReplyDelete