ယနေ့ ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၁၁/၂၀၁၂ အစည်းအဝေးကို ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းတွင်
ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးမိုးသူ ၊ ဦးကြည်စိုးထွန်း ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း
၊ ဒေါ်ဆွေဇင်ထိုက် ၊ ဦးဇင်ဝိုင်း ၊ ဦးအရိုင်း ၊ ကိုမင်းထင်ကိုကိုကြီး ၊ ကိုလူမင်း
၊ ကိုဝေဠုကျော် ၊ မအိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် ၊ ကိုနေဘုန်းလတ် ၊
ကိုသန့်ဇင်အောင်၊ ကိုသူရကျော် တို့တက်ရောက်ကြသည်
။
အစည်းအဝေးတွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ
ပဏာမရွေးချယ်ခံရသူ (၁၃) ဦးနှင့် စပ်လျဉ်း၍ တင်ပြခြင်း ၊ ဇာတ်ညွှန်းအဖွဲ့မှ သမိုင်းသုတေသီများနှင့်
တွေ့ဆုံဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ တင်ပြခြင်း ၊ ဘဏ္ဍာရေးအဖွဲ့မှ ဘဏ္ဍာငွေ ရ/သုံးငွေစာရင်း
တင်ပြခြင်း စသည် တို့ကိုဆွေးနွေးခဲ့ကြသည် ။ အစည်းအဝေး တွင် သရုပ်ဆောင်ရွေးချယ်မှု နှင့်
ပတ်သတ်၍ သတင်းထုတ်ပြန်ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ပါသည် ။သတင်း ထုတ်ပြန်ချက်ကို သီးခြား ဖော်ပြပေးပါမည် ။
No comments:
Post a Comment