ယနေ့ ၂၀၁၂ ခုနှစ်ဧပြီလ (၅) ရက်နေ့တွင်
ညနေ ၆နာရီ ၃၀ တွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့၏ သီးခြားအစည်းအဝေးကို ကျင်းပခဲ့ကြသည်
။ ယင်းအစည်းအဝေးတွင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ ဦးဇင်ဝိုင်း ၊ ဦးမျိုးမင်း(ရင်တွင်းဖြစ်)
၊ ကိုလူမင်း ၊ ကိုဝေဠုကျော် ၊ မအိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့တက်ရောက်ကြပြီး
၂၀၁၂ ခုနှစ်ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်အား
အသေးစိတ်တိုင်ပင် ဆွေးနွေးခဲ့ကြသည် ။
No comments:
Post a Comment