The official website of Bogyoke Aung San Movie

Monday, March 19, 2012

၉/၂၀၁၂ အစည်းအဝေး ကျင်းပ




ယနေ့ ၂၀၁၂ ခုနှစ် ၊ မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ၌  ၉/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့သည်။
            အစည်းအဝေးတွင် ဇာတ်ညွှန်းအဖွဲ့မှ ဒါရိုက်တာဦးကြည်စိုးထွန်း ၊ ဆရာချစ်ဦးညို ဆရာငြိမ်းမင်း နှင့် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးမိုးသူ ၊ ဦးသူရ(ဇာဂနာ) ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊ ဦးအရိုင်း ၊  ဦးဇော်သက်ထွေး ၊ ဒေါ်ဆွေဇင်ထိုက် ဒါရိုက်တာမင်းထင်ကိုကိုကြီး ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာအိအိခိုင် ၊ ကိုလူမင်း ၊ မထွန်းအိန္ဒြာဗို  ၊ မောင်မောင်သာမြင့် ၊ ကိုနေဘုန်းလတ် ၊ ကိုသူရကျော် တို့တက်ရောက်ကြသည်။ အစည်းအဝေး တွင် သရုပ်ဆောင်ရွေးချယ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ။
ဇာတ်ညွှန်းအဖွဲ့၏ ပထမအကြိမ်ပြုလုပ်မည့် အစည်းအဝေးကို ၂၀၁၂ခုနှစ်  မတ်လ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်      ဖြစ်ပြီး  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့၏ ၁၀/၂၀၁၂ အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ထပ်မံ ကျင်းပမည် ဖြစ်ပါသည် ။

1 comment:

  1. ကျွန်တော်....ရုပ်ရှင်ရဲ့တစ်ထောင့်တစ်နေရာကသရုပ်ဆောင်ပါရစေ.....မော်ဒယ်သင်တန်းဆင်းလက်မှတ်ရှိပါတယ်.....ကျေးဇူးပြု၍....အခွင့်အရေးလေးတစ်ခုပေးပါ....ကျရာဇာတ်ရုပ်ပီပြင်အောင်အစွမ်းကုန်ကြိုးစားပါမည်....တကယ်လို့များအခွင့်အရေးပေးမည်ဆိုပါက...၀၉၄၃၀၅၇၂၁၉...ဇင်ရှိုင်းထက်သို့ ဖုန်းconnectလေးလုပ်ပေးပါဗျာ....ကျေးဇူးတင်ပါတယ်

    ReplyDelete