၂၀၁၂
ခုနှစ် ၊ မတ်လ ၁ ရက်နေ့ နေ့လည် ၁နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ ရုံးခန်း ၌ ဇာတ်ညွှန်း ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် ၇/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့သည် ။
အစည်းအဝေးတွင် စာရေးဆရာ ဦးချစ်ဦးညို ၊
ဒါရိုက်တာ အကယ်ဒမီဦးကြည်စိုးထွန်း ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီဦးငြိမ်းမင်း တို့ကို ဖိတ်ခေါ်၍ ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် ဆွေးနွေးခဲ့ပါသည် ။ အဖွဲ့၏ကမ်းလှမ်းမှုကို ဆရာဦးချစ်ဦးညို
၊ ဆရာဦးကြည်စိုးထွန်း ၊ ဆရာဦးငြိမ်းမင်း တို့က ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအတွက်
ပူးပေါင်းပါဝင်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။ ဆက်လက်၍ ထုတ်ပြန်ချက် ၊ အသိပေးချက်
များ ရှိလျှင် ထပ်မံ၍ အသိပေးသွားပါမည် ။
No comments:
Post a Comment