The official website of Bogyoke Aung San Movie

Monday, March 26, 2012

အလှူငွေလက်ခံခြင်း



ယနေ့  ၂၀၁၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဦးစိုင်းနော်ခမ်း + ဒေါ်နွယ်မာဝင်း ၊သား စိုင်းအောင်ခမ်းဝင်း၊ စိုင်းညီညီဝင်း (မောသျှမ်း-မိသားစု) ခေတ္တ-မလေးရှား တို့မှ အလှူငွေကျပ် သုံးသိန်းကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းပါသည် ။ အလှူငွေ ကို  ဦးဇာဂနာ နှင့် မထွန်းအိန္ဒြာဗို တို့က လက်ခံရရှိပါသည် ။

Saturday, March 24, 2012

၁၀/၂၀၁၂ အစည်းအဝေးကျင်းပ-ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် ပဏာမရွေးချယ်


ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ ၆နာရီ တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ၌ ၁၀/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေး တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၀င်များ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန်   လျှောက်ထားသည့် သရုပ်ဆောင်များ     ရွေးချယ်ရန် ကိစ္စ နှင့် အခြား ကိစ္စရပ်များကို ဆွေးနွေးခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသူ ၁၅၇ ယောက် အနက်မှ အောက်ဖော်ပြပါ သရုပ်ဆောင် (၁၄) ဦးကို ပဏာမ ရွေးချယ်လိုက်ပါသည် ။ အမည် စာရင်းပါ ပုဂ္ဂိုလ်များ အားလုံးကို  လူတွေ့ စစ်ဆေးမည်ဖြစ်ပါသဖြင့်   ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက် နံနက် ၉နာရီ တွင်   ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းသို့  မပျက်မကွက် လာရောက်ပါရန် အကြောင်းကြားအပ်ပါသည် ။

 ပဏာမရွေးချယ်ထားသူစာရင်း

၁။ ဖြိုးတေဇာလင်း                                     (ဘီးလင်းမြို့)
၂။ အောင်မိုးမင်း                                       (ဆွာမြို့)
၃။ သိန်းဇော်                                            (လှိုင်သာယာမြို့နယ်)
၎။ အောင်မင်းထွေး                                    (တောင်ဒဂုံမြို့နယ်)
၅။ နေဦး (ခ) နန္ဒမိုး                                    (မြင်းခြံမြို့နယ်)
၆။ တင်ဆွေထူး                                         (လှိုင်သာယာမြို့နယ်)
၇။ မောင်ကျောက်ခဲ                                    (ပြည်ကြီးတံခွန်မြို့နယ်)
၈။ အောင်ဘိုဘိုဇင်                                    (မြောင်းမြမြို့နယ်)
၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး                    (ချောင်းဆုံမြို့နယ်)
၁၀။ ဘုန်းမြင့်ဌေးမော်                                 (ကမာရွတ်မြို့နယ်)
၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ                       (လှိုင်သာယာမြို့နယ်)
၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း                     (ဒေါပုံမြို့နယ်)
၁၃။ အောင်ချမ်း                                        (လားရှိုး)
၁၄။ သက်ဇော်ဝင်း                                    (ဒဂုံမြို့သစ်-အရှေ့ပိုင်း)

Friday, March 23, 2012

အလှူငွေလက်ခံခြင်း


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် နာယကဒေါ်အောင်ဆန်းစုကြည်မှ တဆင့် ပေးပို့လှူဒါန်း သော အလှူငွေကျပ် သိန်းတစ်ထောင် ကို ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဦးဇာဂနာ ၊ မထွန်းအိန္ဒြာဗို ၊ ဦးငှက်ပျောကြော် တို့မှ လက်ခံရရှိခဲ့ပါသည် ။

Thursday, March 22, 2012

ဇာတ်ညွှန်းအဖွဲ့ ၁/၂၀၁၂ အစည်းအဝေး


ယနေ့ ၂၀၁၂ခုနှစ် မတ်လ ၂၂ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း တွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရန် ဆရာကြည်စိုးထွန်း ၊ ဆရာ ချစ်ဦးညို ၊ ဆရာငြိမ်းမင်း ၊ ဇာဂနာ ၊ မင်းထင်ကိုကိုကြီး နှင့် ဇော်သက်ထွေးတို့မှ စတင်ဆွေးနွေးနေပြီ ဖြစ်ပါ၍ မြန်မာနိုင်ငံအ၀ှမ်းမှ အကြံဥာဏ်ပေးလိုသော အချက်အလက်များကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း အမှတ်(၁၀၁-ဘီ) ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၊  ရန်ကုန်မြို့ နှင့်  ဖုန်း ၀၉-၇၃၁၆၂၇၀၀ သို့လည်းကောင်း ၊ ဇာတ်ညွှန်းပါဝင်ရေးသားနေသော ပုဂ္ဂိုလ်များထံသို့လည်းကောင်း ပေးပို့နိုင်ပါသည် ။ ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများ ပါဝင်သော မဂ္ဂဇင်းများ ၊ ဂျာနယ်များ ကိုလည်း ရုံးခန်းသို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။
သမိုင်းပညာရှင်များနှင့် ဇာတ်ညွှန်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်ကို ၂၀၁၂ခုနှစ် ဧပြီလ ၅ ရက်နေ့ တွင် စီစဉ်ထားပါသည် ။

Monday, March 19, 2012

၉/၂၀၁၂ အစည်းအဝေး ကျင်းပ




ယနေ့ ၂၀၁၂ ခုနှစ် ၊ မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ၌  ၉/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့သည်။
            အစည်းအဝေးတွင် ဇာတ်ညွှန်းအဖွဲ့မှ ဒါရိုက်တာဦးကြည်စိုးထွန်း ၊ ဆရာချစ်ဦးညို ဆရာငြိမ်းမင်း နှင့် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးမိုးသူ ၊ ဦးသူရ(ဇာဂနာ) ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊ ဦးအရိုင်း ၊  ဦးဇော်သက်ထွေး ၊ ဒေါ်ဆွေဇင်ထိုက် ဒါရိုက်တာမင်းထင်ကိုကိုကြီး ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာအိအိခိုင် ၊ ကိုလူမင်း ၊ မထွန်းအိန္ဒြာဗို  ၊ မောင်မောင်သာမြင့် ၊ ကိုနေဘုန်းလတ် ၊ ကိုသူရကျော် တို့တက်ရောက်ကြသည်။ အစည်းအဝေး တွင် သရုပ်ဆောင်ရွေးချယ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ။
ဇာတ်ညွှန်းအဖွဲ့၏ ပထမအကြိမ်ပြုလုပ်မည့် အစည်းအဝေးကို ၂၀၁၂ခုနှစ်  မတ်လ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်      ဖြစ်ပြီး  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့၏ ၁၀/၂၀၁၂ အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ထပ်မံ ကျင်းပမည် ဖြစ်ပါသည် ။

Thursday, March 15, 2012

သရုပ်ဆာင်သစ် လျှောက်လွှာခေါ်ယူခြင်း


              ဒေါ်အောင်ဆန်းစုကြည် ကြီးမှုး၍ ရိုက်ကူးထုတ်လုပ်ရန် ပြင်ဆင်နေသော  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက် ဒေါ်ခင်ကြည် နေရာမှာ အဓိကသရုပ်ဆောင်ရန် သရုပ်ဆောင်သစ် သုံးဦး အလိုရှိပါသည် ။     စိတ်ပါဝင်စား သော သူများ လျှောက်ထား နိုင်ပါသည် ။
               လျှောက်လွှာပုံစံ အပြည့်အစုံကိုလည်း  ဖော်ပြပေးလိုက်ပါသည် ။ အသေးစိတ် သိရှိလိုသည် များကိုလည်း ဗိုလ်ချုပ်အောင်ဆန်းဖြစ်မြောက်ရေးအဖွဲ့ရုံးခန်း သို့ ဆက်သွယ်၍  စုံစမ်း  မေးမြန်းနိုင် ပါ သည်။

Thursday, March 1, 2012

ဝေဖန် / အကြံပြုစာ နှင့် မှတ်တမ်းမှတ်ရာ များ ဖိတ်ခေါ်ခြင်း


       ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး  နှင့်      ပတ်သတ်၍ ဂျာနယ်  များတွင်  ပါဝင်သော   ဝေဖန် / အကြံပြုစာ နှင့် ဆောင်းပါး စသည်များကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း မှ ၀မ်းမြောက်စွာ လက်ခံကြိုဆို၍ မှတ်တမ်း အဖြစ် သိမ်းဆည်း ထားရှိပါသည် ။ သို့ဖြစ်၍ ထိုအကြောင်းအရာများပါဝင်သော ဂျာနယ် ၊ မဂ္ဂဇင်း ၊ စာစောင် စသည်တို့ကို ထပ်မံ ပေးပို့လိုပါက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း သို့ လိပ်မူ၍ ပေးပို့ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

၇/၂၀၁၂ အစည်းအဝေးကျင်းပ

  ၂၀၁၂ ခုနှစ် ၊ မတ်လ ၁ ရက်နေ့ နေ့လည် ၁နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ၌ ဇာတ်ညွှန်း ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက်  ၇/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့သည် ။
          အစည်းအဝေးတွင် စာရေးဆရာ ဦးချစ်ဦးညို ၊ ဒါရိုက်တာ အကယ်ဒမီဦးကြည်စိုးထွန်း ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီဦးငြိမ်းမင်း  တို့ကို ဖိတ်ခေါ်၍ ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့တွင်  ပူးပေါင်းပါဝင်ရန်  ဖိတ်ခေါ် ဆွေးနွေးခဲ့ပါသည် ။ အဖွဲ့၏ကမ်းလှမ်းမှုကို ဆရာဦးချစ်ဦးညို ၊ ဆရာဦးကြည်စိုးထွန်း ၊ ဆရာဦးငြိမ်းမင်း တို့က ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကြမည်  ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည် ။ ဆက်လက်၍ ထုတ်ပြန်ချက် ၊ အသိပေးချက် များ ရှိလျှင် ထပ်မံ၍ အသိပေးသွားပါမည် ။