ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်
ဖြစ်မြောက်ရေးအဖွဲ့ (
Bogyoke Aung San Film Executive Board ) ရုံးခန်းဖွင့်ပွဲ
အခမ်းအနားကို ယနေ့ ၂၀၁၂ ခုနှစ်
ဖေဖော်ဝါရီလ ၁၃
ရက်နေ့(ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့)
နံနက်၈နာရီ
မိနစ် ၃၀တွင် အမှတ် ၁၀၁ဘီ၊ဓမ္မစေတီလမ်း၊
ကမာရွတ်မြို့နယ် တွင်
ကျင်းပခဲ့သည်။
အခမ်းအနား
တွင် အခမ်းအနားမှုးအဖြစ်
ထွန်းအိန္ဒြာဗို က ဆောင်ရွက်ပြီး
ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
ဥက္ကဌ ဦးမိုးသူ က
အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသော
ဧည်သည့်တော် တစ်ဦး ဖြစ်သော ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်က ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့
နှင့် ရုပ်ရှင်ရိုက်ကူးရေး
တို့ကို ၀မ်းမြောက်ဝမ်းသာ
စွာ ကြိုဆိုကြောင်း စသည်ဖြင့်
ပြောကြားသည် ။ ဆက်လက်ပြီး
အလှူများအနက် ဆရာတော်
ရှင်ဆန္ဒာဓိက မှဒုတိယမြောက်
အလှူငွေကျပ် (၃၂)သိန်း
၊ ဇာတ်မင်းသားဖိုးချစ်မှာ
အလှူငွေကျပ် သိန်း (၄၀)
၊
ဦးစိန်တင်နှင့် ဇနီး မှ
အမျိုးသားရုပ်ရှင်ကုမ္မဏီ
ကို အပြီးအပြတ်လှူဒါန်းခြင်း
တို့ကို နာယကဒေါ်အောင်ဆန်းစုကြည်က
လက်ခံပြီး ဂုဏ်ပြုလွှာများကို
ပေးအပ်ခဲ့သည်။ ထို့နောက်
ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နာယက
ဒေါ်အောင်ဆန်းစုကြည် က
အပိတ်အမှာစကား ကိုပြောကြားသည်
ဆက်လက်ပြီး စာနယ်ဇင်း သမား
များ မှ ရုပ်ရှင်ဖြစ်မြောက်ရေးနှင့်
ပတ်သတ်၍ မေးမြန်းသော မေးခွန်း
၃ ခုအား ဖြေကြားသည် ။ ထို့နောက်
နံနက် ၉ နာရီ မီနစ် ၄၅ တွင်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့
ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်
။
(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်
ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့်
မှတ်တမ်းမှတ်ရာ များ စုဆောင်းခြင်း
၊ အလှူငွေ လက်ခံခြင်း ၊
ဇာတ်ညွှန်းအကြမ်းရေးသားခြင်းများကို
Working
Group များဖြင့်
ဆက်လက် ဆောင်ရွက်သွားမည်
ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်
ဖြစ်မြောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်
နှင့် သရုပ်ဆောင်သစ်လျှောက်လွှာ
ကို တွဲဖက်၍ဖော်ပြလိုက်ပါသည်။
)
No comments:
Post a Comment