The official website of Bogyoke Aung San Movie

Friday, February 24, 2012

၆/၂၀၁၂ ပုံမှန်အစည်းအဝေးကျင်းပ


    ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်      ဖြစ်မြောက်ရေးအဖွဲ့         ၆/၂၀၁၂ ပုံမှန်အစည်းအဝေးကို ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကကျင်းပခဲ့သည် ။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ နေရာတွင် သရုပ်ဆောင်မည့်သူကို ရွေးချယ် ရန်              …ရွေးချယ်ရေး မူ  နှင့် အမှတ်ပေးဇယား  စသည်တို့နှင့်          စပ်လျဉ်း၍             ဆွေးနွေးခြင်း၊ ဇာတ်ညွှန်း ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန် အတွက် ဆွေးနွေးခြင်း စသည် တို့ ကို ဆွေးနွေးခဲ့ကြသည် ။ အသေးစိတ်  ဆုံးဖြတ်ချက် ၊ ထုတ်ပြန်ချက် များကို သင့်လျှော် သည့် အချိန်ကာလ တွင် ဆက်လက်၍ ထုတ်ပြန် ပေးသွားပါမည် ။

Sunday, February 19, 2012

ကိုမင်းကိုနိုင်ပြောကြားသော အကြုံပြု အားပေးစကား



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အကြံပြုအားပေး စကား ပြောကြားချက် ဗီဒီယိုမှတ်တမ်း ဖြစ်ပါသည်။

Saturday, February 18, 2012

နာယကကြီးဒေါ်အောင်ဆန်းစုကြည် ၏ ဖွင့်ပွဲ နိဂုံးချုပ်စကား



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ နာယကကြီးဒေါ်အောင်ဆန်းစုကြည် ၏ ဖွင့်ပွဲ နိဂုံးချုပ်စကား ပြောကြားချက် ဗီဒီယိုမှတ်တမ်း ဖြစ်ပါသည်။

Monday, February 13, 2012

မှတ်တမ်းမှတ်ရာများ အလှူခံခြင်း


ဒေါ်အောင်ဆန်းစုကြည် ကြီးမှူး၍ ရိုက်ကူးထုတ်လုပ်ရန်  ပြင်ဆင်နေသော ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပတ္တိရုပ်ရှင် ဇာတ်ကားအတွက် ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းခေတ်နှင့် ပတ်သက်ဆက်နွယ်သမျှ ဓာတ်ပုံ ၊စာအုပ် ၊ စာရွက်စာတမ်း ၊ အသံသွင်းကြိုးခွေ ၊ ဓာတ်ပြား ၊ ရုပ်ရှင်ဖလင် စသော မည်သည့်မှတ်တမ်း မှတ်ရာများကိုမဆို အလှူခံလိုပါသည် ။ လှူဒါန်းနိုင်ပါက လှူဒါန်းရန်ဖြစ်ပြီး ၊ ခေတ္တ  ငှားရန်းမည်ဆိုပါက မိတ္တူကူးယူပြီး  ပြန်လည်ပေးအပ်ပါမည် ။ လှူဒါန်းသမျှကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဖြစ် ဖွင့်လှစ်ပြသသွားရန် ရည်ရွယ်ပါသည် ။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့


ရုံးခန်းဖွင့်ပွဲ အခမ်းအနား


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



       
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ( Bogyoke Aung San Film Executive Board ) ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့(ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့) နံနက်၈နာရီ မိနစ် ၃၀တွင် အမှတ် ၁၀၁ဘီ၊ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ် တွင် ကျင်းပခဲ့သည်။
အခမ်းအနား တွင် အခမ်းအနားမှုးအဖြစ် ထွန်းအိန္ဒြာဗို က ဆောင်ရွက်ပြီး ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးသူ က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာသော ဧည်သည့်တော် တစ်ဦး ဖြစ်သော ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ နှင့် ရုပ်ရှင်ရိုက်ကူးရေး တို့ကို ၀မ်းမြောက်ဝမ်းသာ စွာ ကြိုဆိုကြောင်း စသည်ဖြင့် ပြောကြားသည် ။ ဆက်လက်ပြီး အလှူများအနက် ဆရာတော် ရှင်ဆန္ဒာဓိက မှဒုတိယမြောက် အလှူငွေကျပ် (၃၂)သိန်း ၊ ဇာတ်မင်းသားဖိုးချစ်မှာ အလှူငွေကျပ် သိန်း (၄၀) ၊ ဦးစိန်တင်နှင့် ဇနီး မှ အမျိုးသားရုပ်ရှင်ကုမ္မဏီ ကို အပြီးအပြတ်လှူဒါန်းခြင်း တို့ကို နာယကဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နာယက ဒေါ်အောင်ဆန်းစုကြည် က အပိတ်အမှာစကား ကိုပြောကြားသည် ဆက်လက်ပြီး စာနယ်ဇင်း သမား များ မှ ရုပ်ရှင်ဖြစ်မြောက်ရေးနှင့် ပတ်သတ်၍ မေးမြန်းသော မေးခွန်း ၃ ခုအား ဖြေကြားသည် ။ ထို့နောက် နံနက် ၉ နာရီ မီနစ် ၄၅ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည် ။
(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့် မှတ်တမ်းမှတ်ရာ များ စုဆောင်းခြင်း ၊ အလှူငွေ လက်ခံခြင်း ၊ ဇာတ်ညွှန်းအကြမ်းရေးသားခြင်းများကို Working Group များဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် နှင့်  သရုပ်ဆောင်သစ်လျှောက်လွှာ  ကို တွဲဖက်၍ဖော်ပြလိုက်ပါသည်။ )




Tuesday, February 7, 2012

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၁/၂၀၁၂ ကျင်းပခဲ့



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့ ၁/၂၀၁၂ အစည်းအဝေးကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျင်းပခဲ့ပြီးအောက်ပါ အချက်အလက်များကို ညှိနှိုင်းဆုံးဖြတ် ခဲ့ကြပါသည်။

၁။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းအား လာမည့် ဖေဖေါ်ဝါရီ(၁၃)ရက်၊ ဗိုလ်ချုပ်မွေးနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ 
၂။ ပါဝင်ရမည့် သရုပ်ဆောင်များ အတွက် လျှောက်လွှာခေါ်ယူခြင်းကို နိုင်ငံပိုင် သတင်းစာ ၊ ပုဂ္ဂလိက ဂျာနယ်များ နှင့် Bogyoke AungSan Movie ( Facebook ) နှင့် ဝက်ဘ်ဆိုက် တွင် ကြော်ငြာ ထည့်သွင်းပေးသွားမည် ဖြစ်သည်။
၃။ အသေးစိတ် အချက်အလက်များကို ဆက်လက်၍ထုတ်ပြန်ပေးသွားပါမည်။