The official website of Bogyoke Aung San Movie

Monday, December 17, 2012

သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပ

၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ သရုပ်ဆောင်   ရွေးချယ်ရေး အဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေး တွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင် များ ဖြစ်ကြသော ကိုလူမင်း ၊ ဦးအရိုင်း ၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြူသျှင် ၊ မထွန်းအိန္ဒြာဗို နှင့် ပြန်ကြားရေးအဖွဲ့မှ ကိုဇော်သက်ထွေး ၊ ကိုသူရကျော် တို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင်နေရာများအတွက် ရွေးချယ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည် ။

Thursday, December 6, 2012

၂၀/၂၀၁၂ အစည်းအဝေးကျင်းပ




၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၂၀/၂၀၁၂ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးမိုးသူ၊ ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမင်းထင်ကိုကိုကြီး ၊ ကိုဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့နှင့် ဇာတ်ညွှန်း ဖြစ်မြောက်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ၌ ပါဝင်သော အခြား ဇာတ်ကောင် (၂၁) ဦးကို ဆက်လက်ရွေးချယ်ရန် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။  ယင်းအဖွဲ့မှ ဇာတ်ကားတွင် ပါဝင်သည့် အောက်ပါ ဇာတ်ကောင်နေရာများအတွက် လက်ရှိ သရုပ်ဆောင်များ ၊ ရုပ်ရှင်သင်တန်းများမှ သင်တန်းသားများ ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် လျှောက်ထားခဲ့ဘူးသူများ ၊ သရုပ်ဆောင်ရန် စိတ်ဝင်စားသော နိုင်ငံသားများ အနက်မှ သင့်တော်သူများ ကို ရွေးချယ်သွားမည် ဖြစ်ပါသည်။

၁။     သခင်လှဖေ (ဗိုလ်လက်ျာ)   ( ၁၉၁၁ - ၁၉၇၈ )
၂။     သခင်လှမြိုင် (ဗိုလ်ရန်အောင်)  ( ၁၉၁၇ - ၁၉၆၇)
၃။     သခင်ရှုမောင် (ဗိုလ်နေ၀င်း )  (၁၉၁၀ - ၁၉၉၂ )
၎။     သခင်နု   (၁၉၀၇ - ၁၉၉၅)
၅။     ဒေါက်တာဘမော်   (၁၈၉၃ - ၁၉၇၇ )
၆။     ဂဠုန်ဦးစော
၇။     သခင်ထွန်းအုပ်  (၁၉၀၇ - ၁၉၇၀ )
၈။     သခင်ဘစိန် 
၉။     သခင်မြ 
၁၀။   ဦးတင်ထွဋ်  (၁၈၉၅ - ၁၉၄၈ )
၁၁။   သခင်စိုး   (၁၉၀၆ - ၁၉၈၉ )
၁၂။   ဦးသိန်းဖေမြင့်  (၁၉၁၄ -၁၉၇၈ )
၁၃။   ဦးကျော်ငြိမ်း   (၁၉၁၅ -၁၉၈၆ )
၁၄။   သခင်လေးမောင် 
၁၅။   ဒေါက်တာသိန်းမောင်
၁၆။   ကိုအုံး
၁၇။   ဦးညိုမြ   (၁၉၁၄ -၁၉၈၅ )
၁၈။    ဦးရာရှစ်  
၁၉။    ဦးသီဟန်  
၂၀။    ကိုဗဟိန်း  (၁၉၁၄ -၁၉၄၆ )
၂၁။   သခင်သန်းထွန်း





Saturday, November 3, 2012

၁၉/၂၀၁၂ အစည်းအဝေးကျင်းပ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း၌ ဖြစ်မြောက်ရေးအဖွဲ့အစည်းအဝေး ၁၉/၂၀၁၂ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးမိုးသူ ၊ ဦးဇာဂနာ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးဇင်ဝိုင်း ၊ ကိုလူမင်း ၊ ဦးအရိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့နှင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးကြည်စိုးထွန်း နှင့် ဦးချစ်ဦးညို တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဇာတ်ဝင်ခန်းသုံးပစ္စည်းများ၊  အ၀တ်အစားများ ၊ ရိုက်ကူးရန်နေရာများ ၊ စတူဒီယို နှင့် ဆက်တင်များ အတွက် အဖွဲ့ငယ်များ ဖွဲ့၍ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည် ။


Sunday, October 14, 2012

သင်တန်းများစတင်ပို့ချ



ယနေ့ ၂၀၁၂ခုနှစ် ၊  အောက်တိုဘာလ ၊ ၁၅ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ၏ နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ထားသူများကို သရုပ်ဆောင်သင်တန်း စတင်ပို့ချ ခဲ့ပါသည်။ ယင်းသရုပ်ဆောင် သင်တန်းကို သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ကိုဝိုင်း ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြူသျှင် ၊ မထွန်းအိန္ဒြာဗို တို့နှင့် အခြား ရုပ်ရှင်ပညာရှင်များက ပို့ချ သင်ကြားပေးမည်    ဖြစ်ပြီး သရုပ်ဆောင်ပညာ အပြင် အင်္ဂလိပ်စာ  အရည်အသွေး မြှင့်တင်ခြင်း နှင့် အခြား ဘာသာရပ် များလည်း ပါဝင်မည် ဖြစ်သည်။